Oxygen ပျက်နေပြီဟုတ်လားခင်ဗျား ပလ္လင်ပေါ်က ဆင်းလိုက်Oxygens တွေ တဘုန်းဘုန်း ကျလာလိမ့်မယ်

ကိုဗစ် ကို ခင်ဗျား မနိုင်တော့ဘူးမလား..မုဆိုးမကြီးကို လွှတ်လိုက် အဆင်ပြေသွားမယ်

ဗ ံ ု းတွေ ကွဲမှာ ကြောက်နေတယ်မလားမုဆိုးမကြီးကို လွှတ်လိုက်ပန်းပွင့်တွေ ဖြစ်သွားစေရမယ်

 

သောင်းချီပေးရတဲ့ Masks တွေကို မုဆိုးမထိန်းလိုက်တာ ရာပိုင်း ထောင်ပိုင်းတန်းရောက်သွားတယ်….

စီးပွားရေးတွေ မကောင်းတော့ဘူးမလားမုဆိုးမကြီးကို လွှတ်လိုက် အခက်ခဲမှန်သမျှပိန်းကြာရွက်ပေါ် ရေမတင်သလို ပျောက်သွားလိမ့်မယ်

နိုင်ငံကြီး ပျက်စီးနေပြီမလားမုဆိုးမကြီးကို လွှတ်လိုက် သူ့နောက်ကအင်ဂျင်နီယာ အကုန်ပါလာပြီး ပြုပြင်လိမ့်မယ်

 

လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီမလားမုဆိုးမကြီးကို လွှတ်လိုက် မြန်မာ့မီးရထားအသင်းထွက်လာလိမ့်မယ်…

ခင်ဗျား ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေပြီမလားမုဆိုးမကြီးကို လွှတ်လိုက်အမေ့သားသမီးတွေက အမေ တစ်ခွန်းဆိုငြိမ်ပြီးသားပဲ……

ဆေးကုဖို့ ဆရာဝန်တွေ မရှိတော့ဘူး မလားမုဆိုးမကြီးကို လွှတ်လိုက်…သူ့နောက်မှာ ပါရဂူတွေကစဆင်းလာပြီး ကုသမှုတွေ ပြန်လုပ်ပေးလိမ့်မယ်

 

ခင်ဗျား ဘာလုပ်ပေးနိုင်လဲ…. ?ခင်ဗျား ဘာကိုင်တွယ်နိုင်လဲ……?ခင်ဗျား ဘာကောင်းကျိုးပေးခဲ့လဲ….?

ဒီနေရာက ခင်ဗျားနဲ့ မထိုက်တန်ပါဘူး။

စစ်အာဏာရှင်စနစ်ကျရှုံးပါစေ…