ဒီလောကကြီးထဲမှာ အမွှာကလေးလေးနှစ်ယောက်ထဲ ချန်ခဲ့ရလား အဖြစ်ဆိုးလိုက်တာ

ဘယ်လိုမှ မခံစားနိုင်တော့ဘူး ရောဂါဆိုးကြီးရယ် အမြန်ပျောက်ကွယ်သွားပါတော့

ကိုယ်စာသင်ပေးနေတဲ့ အမြွှာမောင်နှမလေး နှစ်ယောက်

 

မေမေက အရင်ဆုံးပြီးဖေဖေနဲ့ အဒေါ်ဖြစ်သူတို့က မေမေရက်လည်တဲ့နေ့မှာ ထပ်ဆုံးတယ်

သားနဲ့ သမီးကို စာလည်းသင်၊ လိမ္မာယဉ်ကျေးအောင်လည်း သင်ပေးပါ တီချယ်ဆိုပြီး တဖွဖွပြောတတ်တဲ့အစ်ကိုနဲ့အစ်မ

တီချယ်ရေ..ဒါလေးပြောပေးပါဦး သားနဲ့သမီးက တီချယ်ပြောတာမှ နားထောင်တာဆိုပြီး ဖြစ်စေချင်တာလေးတွေအမြဲပြောတတ်တဲ့ အစ်ကိုနဲ့အစ်မ

ကလေးမြို့ ခဏပြန်ကြတော့ ….ဖုန်းခဏ ခဏ ဆက်ပြီးပြန်လာတော့(စာသင်ဖို့)ခေါ်တတ်တဲ့အစ်ကိုနဲ့အစ်မ

 

ကိုယ့်သားသမီးတွေသင်ရုံသာမက.. တီချယ်ရေ ကျွန်မ သူငယ်ချင်းကလေးတွေ အတွက်လည်း တစ်ချိန်စာလေး လုပ်ပေးပါဦး။ ကျွန်တော့သူငယ်ချင်းကလေးတွေအတွက်လည်း ပြောထားသေးတယ် အချိန်ချန်ထားဦးနော် . ..ဆိုပြီး sharing လုပ်ပေးတတ်တဲ့အစ်ကိုနဲ့အစ်မ

သားနဲ့သမီးကိုချစ်လွန်းလို့ အရာရာဂရုတစိုက်အမြဲရှိတတ်တဲ့ အစ်ကိုနဲ့အစ်မ

ခုတော့….. စိတ်ချထားခဲ့ပြီလား

အရွယ်နဲ့မမျှ ခံစားကြရရှာမှာ
တီချယ်ရင်နာလိုက်တာ ဇာနည်နဲ့ဇာခြည်ရယ်..
အားတင်းထားကြပါ ကလေးတို့ရယ်…