မကွေးတွင် စစ်တပ်က တပ်စွဲထား၍ အနီးအနားကျေးရွာများ အလုံးအရင်းဖြင့် ထွက်ပြေး(ရုပ်/သံ)

အောက်ဆုံးတွင်videoပါသည်…

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ၊ တောင်ချိုကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ သားအဖ ၂ ဦးကို စစ်ကောင်စီတပ်များက ပ စ်သ တ ် ပြီးနောက် အနီးအနားပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ရာထောင်ချီ၍ ထွက်ပြေးနေကြရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

မကွေးတိုင်းပေါက်မြို့နယ်တောင်ပိုင်း ကင်းဆုတ်၊ တောင်ချို၊ ဝန်းကြီး ရွာများတွင် စကစတပ်များတပ်စွဲထားပြီး အနီးနားကျေးရွာများမှ ကြက် ဝက်များ အစားသောက်များ လုယူ ကြကြောင်း၊ ဒေသခံများမှ ကြောက်လန့်၍ ဇီးတော ၊တောင်ဘက် ၊ ကင်းဆုတ်၊ ကင်းမ ၊တောင်ချို၊ ဝန်ကြီး ၊ရှားလှ ၊ ထွန် ၊ သက္ကယ်ကျင်း ကျေးရွာများမှ ရွာသားများမှာ စွန့်ခွာထွက်ပြေးလျက်ရှိကြောင်း သိရှိရသည်။

 

စစ်ကောင်စီတပ်များက အကြောင်းမဲ့ပစ်ခတ်ခြင်း၊ အသံဗံ ု
း များဖောက်ခြင်း၊ ကျေးရွာသားများကို မထင်လျှင် မထင်သလို ဖမ်းဆီးရိုက်နှက်ခြင်းများလုပ်ဆောင်နေ၍ ပြည်သူများ အလုံးအရင်းဖြင့် ထွက်ပြေးနေကြခြင်းဖြစ်​ကြောင်း သိရှိရသည်။

 

videoကြည့်ရန်….