ရင်ထဲမချိအောင် ခံစားရပါတယ် သမီးတို့ရယ်

၁၉-၇-၂၀၂၁-နေ့ နံက်-၉-နာရီလောက်က နွာထိုးကြီး ဆေးရုံမှ လျှော်ဖြူကျေးရွာ အနီးမှာ ရေနစ်သေဆုံးသွားတဲ့ ခလေးငယ် နှစ်ယောက်ရဲ့ ရုပ်အလောင်းများကို သူတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးပါရန် အကြောင်းကြားလာတဲ့အတွက်

 


မေတ္တာမွန်အဖွဲ့မှ သွားရောက်သယ်ဆောင်ပြီး ပဲချက်ကျေးရွာနဲ့ သာယာကုန်း ကျေးရွာများသို့ ပို့ဆောင်ပေးခဲ့ပါတယ်သေဆုံးသွားကြသူများမှာ သာယာကုန်း ကျေးရွာနေအဖဦးကျော်အောင်-အမိဒေါ်အိထွေးတို့ရဲ့သမီးအသက်(၁၆)နှစ်အရွယ် မကြီးနဲ့ ပဲချက် အရှေ့ရွာနေအဖဦးကျော်ဆွေ-အမိဒေါ်နု တို့ရဲ့သမီး မငုဝါခိုင်တို့နှစ်ဦးဖြစ်ပါတယ်။

 

သူတို့နှစ်ယောက်ဟာ လျှော်ဖြူကျေးရွာအနီးမှာရှိတဲ့မွေးမြူရေး ကြက်ခြံမှာ အလုပ်လုပ်ကိုင်နေကြရင်းရေချောက်တခုမှာ ရေချိုးရင်းနဲ့ အခုလို ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့အဖေကပြောပြပါတယ်သေဆုံးသွားကြတဲ့ မကြီးနဲ့ မငုဝါခိုင်တို့ကောင်းရာသုဂတိ ရောက်ကြပါစေ။

ဦးစိုးမြင့်(မိတ်ဆွေစစ်)