ရန်ကုန်မှာ ဆရာဝန်တွေကိုဖမ်းတဲ့ကိစ္စနှင့်ပတ်သက်ပြီး ဇော်မင်းထွန်း ဗြောင်လိမ်

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ ကိုဗစ် ကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီကနေ့မှာ ဖမ်းဆီးသွားတဲ့အပြင် ဆေးဝါးတွေကိုလည်း သိမ်းဆည်းသွားကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

 

ရန်ကုန်တိုင်းမှာ CDM ဝင်ပြီး ပရဟိတလုပ်နေတဲ့ ဆရာဝန်တွေ ဖမ်းတဲ့ကိစ္စ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM သတင်းထောက် ကိုထွန်းက မေးကြည့်တော့

 

“ဆရာဝန် ၅ ဦးအောက်စီဂျင်အိုးတွေနဲ့ဖမ်းခံရတယ်ဆိုပြီး BBC တို့က သတင်းတွေတက်နေတာတွေ့ရတယ် ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းက တာဝန်ရှိသူတွေကိုအကုန်မေးပြီးပါပြီ၊ဒီလိုဖြစ်စဥ်တွေမရှိပါဘူး၊ ဖမ်းဆီးမှုလည်းမရှိပါဘူး” လို့ VOM ကိုဖြေပါတယ်။

နောက်မေးခွန်းတခုဖြစ်တဲ့ အကျဉ်းထောင်ထဲက အကျဉ်းသားတွေ ကိုဗစ်ဘယ်လောက်ကူးစက်နေလဲ ဘယ်လိုကုပေးနေလဲဆိုတော့

“အကျဥ်းသားတွေ ကိုဗစ် ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီးပြောရရင် တစ်နိုင်ငံလုံးမှာရှိတဲ့အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေထဲက ကိုဗစ်ရောဂါဖြစ်ပွားသူ ၃၇၅ ဦးရှိပါတယ်။ သူတို့ကိုအကျဥ်းထောင်တွေမှာရှိတဲ့ဆေးရုံတွေမှာသီးခြားထားပြီး ကုသမှုတွေလုပ်ပေးနေပါတယ်။

 

ကုသဆဲကတော့ ၂၀၈ ဦးဖြစ်ပါတယ်၊ရောဂါပျောက်ပြီးဆေးရုံကဆင်းသွားသူ ၁၅၂ ယောက်ရှိပါတယ်၊ ၃၇၅ ဦးမှာ ကုသဆဲ ၂၀၈ ဦး၊ဆေးရုံဆင်းသွားသူက ၁၅၂ ယောက်ဖြစ်ပါတယ်၊သေဆုံးသူဦးဉာဏ်ဝင်းအပါအဝင် ၆ ဦးဖြစ်ပါတယ်၊ ဒီစာရင်းကမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့အကျဥ်းဦးစီးဌာန၊အကျဥ််းထောင်အသီးသီးမှာဖြစ်ပွားနေမှုစာရင်းဖြစ်ပါကြောင်းနဲ့ ကိုဗစ်ရောဂါဖြစ်တယ်၊ရောဂါပျောက်သူ လွတ်ရက်စေ့ပြီးလွတ်သွားသူ ၉ ယောက်ရှိပါတယ်” လို့ ဖြေပါတယ်။