အသက် ၇၇နှစ်ကျော်အဖွား အောက်ဆီဂျင်မလိုဘဲ ကိုဗစ်ကိုအနိုင်ယူပြခဲ့တဲ့နည်း

နာတာရှည်ရင်ကျပ်ရောဂါရှိတဲ့ အသက် ၇၇နှစ်ကျော်အဖွား Oxygen မလိုဘဲ ကိုဗစ်ကိုအနိုင်ယူပြီး ပြန်ကောင်းခဲ့ပြီဖြစ်ကြောင်း ပြည်သူတစ်ဦးက လူမူကွန်ယက်မှာရေးသားထားပါတယ်။

 

“အိမ်မှာအဖွား စပြီး ဖျားပြီးနှစ်ရက်အကြာမှာ အနံ့စပျောက်ပါတယ် ။အနံ့ စပျောက်တဲ့နေ့ကစလို့ အဖွား စိတ်ဓာတ်ကျ ပီး အစား မစားတော့ပါဘူး အဖွားက အသက်ကြီးတော့ အိမ်ကလူတွေတော်တော်စိတ်ပူသွားတာပေါ့ ။

 

အစားလည်းမစားတော့ ပိုလို့တောင်စိတ်ပူပါတယ် ။ဒါပေ့မယ် အိမ်မှာ ရှိတဲ့သမီးတွေ မောင်နှမတွေကောမြေးတွေကော အစားကို မစား စားအောင် စိတ်အားမငယ်အောင် စလုပ်ပီးစိတ်ဓာတ် မကျအောင် လုပ်ရပါတယ် ။

အဝေးရောက်နေတဲ့ သမီးတွေကအစvideo call နဲ့အားပေး မြေးတွေနဲ့လည်းဖုန်းပြော တကယ်လည်း ပြန်ပျော်ရွှင်လာတာနဲ့ အစားကို အနည်းငယ်စစားလာပါတယ် ။အိမ်ကလူတွေဝိုင်းဖွဲ့ ပြီးသူ့နားမှာနေပြီးဟာသ တွေပြောကြ အစားအသောက်အမျိုးမျိုးလုပ်ပီး စားကြ သောက်ကြ နဲ့ ပျော်ပျော်ရျွင် ရျွင်ဘဲ ဖြတ်သန်းကြတယ် ။နေ မကောင်းတဲ့ နေ့ကစလို့ ငှက်သိုက် နေ့တိုင်းတိုက် ပေးပါတယ် ။

 

ဆေးကတော့ Nutrivita တစ်ရက်တစ်လုံး Vitiman C 500mg တစ်ရက်တစ်လုံး Paracetamol 500mg တစ် ရက် ၂ကြိမ် အဖျား တက်တဲ့ ရက်တွေမှာ တော့ သုံးကြိမ် လည်ချောင်းနာတဲ့ ရက်တွေမှာ Axithromycim တစ်ရက်၁ လုံး ၃ ရက်လောက်တိုက်လိုက်ရပါတယ် ။Oxygen နဲ့ အဖျားကို တော့ခဏခဏတိုင်းပေးရပါတယ်။ကျန်တာတော့ပျော်ရွှင်အောင်စိတ်ဓာတ်မကျ အောင်နဲ့ အစား အသောက် ကို မစား စာ အောင် လုပ်ပေးရပါတယ် ။ခုဆို အနံ့ပြန်ရပီး ကျန်းကျန်းမာမာ ဖြစ်နေပါပြီ။

 

စိတ်ဓာတ် ကလည်း အတော့်ကို ခိုင်မာလို့လည်းပါပါတယ် ။အဲ့ တော့စဖြစ်ပြီဆိုကတည်းက စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ပြန်ကောင်းမယ်ဆိုတဲ့စိတ်ကို ထားပေးကြပါ ။ကျွန်တော်တို့အားလုံးတူတူ ဒါကြီးကိုဖြတ်ကျော်ကြမယ် ။အားလုံးအားတင်းထားပါ ” လို့ ပြည်သူတစ်ဦးက အဖွားနဲ့ပတ်သက်လို့ရေးသားထားတာပဲဖြစ်ပါတယ်။