စစ်ကောင်စီ မအလကို ICJ တရားရုံးက တရားရင်ဆိုင် ရန် စာထုတ်ပြန်

စစ်ကောင်စီကို ICJ တရားရုံးက တရားရင်ဆိုင် ရန် စာထုတ်ပြန်လာမယ့် ဇူလိုင် ၂၃ရက်နေ့(သောကြာနေ့) မှာတော့ မင်းအောင်လှိုင်ရဲ့ မြန်မာစစ်တပ်ဟာ လူမျိုးတုံးသ တ်ဖြတ်မှု၊

စစ်ရာဇဝတ်မှုနဲ့ အမှုပေါင်းသောင်းခြောက် ထောင်အတွက် ICJ မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

တရားရင်ဆိုင်ဖို့အတွက်စစ်ကောင်စီဟာ ဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းတဲ့ ICJ တရားရုံး အမှုရင်ဆိုင်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၈ ဦးပါဝင်ကာ စစ်ကောင်စီ၏ လက်ပါးစေ ၀ဏ္ဏမောင်လွင်၊

ကိုကိုလှိုင် အပါအဝင် မြန်မာစစ်တပ်မှ တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးလည်းပါဝင်နေပါတယ်။

 

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ဦးရိုနေဆန်းလွင်ကတော့

“မအလ အုပ်စုက ICJ မှာ အမှုဆက်လက်ရင်ဆိုင်ဖို့ ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီ။

UN Credentials Committee က သူတို့အုပ်စုကိုသာ အသိအမှတ်ပြုမယ်လို့ အပိုင်တွက်ထားပုံရတယ်” လို့ သူရဲ့လူမှုကွန်ရက်ကနေဖော်ပြထားပါတယ်။

 

နိုင်ငံတကာက ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို ဖိနှိပ်သတ်ဖြတ်ခဲ့မှုများကိုကျူးလွန် ခဲ့သူများမှာ မြန်မာစစ်တပ်နှင့်

ခေါင်းဆောင်များ ဖြစ်ကြောင်း ပြောဆိုထားပြီး စီးပွားရေးအရ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများကိုလည်း လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။

 

ICJ တရားရုံးမှာ အမှန်တရားပေါ်ပေါက်ပြီး မြန်မာစစ်တပ်ကျဆုံးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်