မသေခင်လေးတောင် Centerဆောက်ဖို့သူငယ်ချင်းတွေနဲ့တိုင်ပင်သွားသေးတယ်

၁၆.၇.၂၀၂၁ သောကြာနေ့မနက် ၂နာရီမိနစ်၃၀ မှာ ဘေဘီ့ကိုခွဲသွားတယ်

 

၂ရက်နေ့တည်းကစဖျားပြီး ၄ရက်၅ရက်မှာ ဝမ်းလျှောတာအခေါက်၆၀လောက်ရှိတယ် အဖျား၁၀၄ထိတက်တယ် ချောင်းဆိုးတယ် ရင်ဘတ်အောင့်တယ် ကိုယ်ချစ်ရတဲ့သူကိုတခန်းတည်းအတူနေပြီး positive ဖြစ်မယ့်တူတူပြုစုပေးတယ်

 

၈ရက်နေ့မနက် oxygen ထိုးကျလို့ Jacca ဆေးရုံပြေးရတယ် မနက်ရောက်တယ် သွေးဖောက် ECG X_Ray ဆွဲပြီးသိရတာက အဆုတ်ကရစရာမရှိတော့ဘူးဆိုပဲ နေစရာအခန်းညဘက်မှာရတယ် ငိုတလှည့်အားတင်းတလှည့်နဲ့ ချီးသေးပါမကျန် ပြုစုပေးလာတာသူလဲအား​​ပြန်ပြည့်လာတယ် အားပြည့်တာနဲ့ messenger ကတလှည့် ဖုန်းနဲ့တဖုံသူ့လူနာတွေကိုကုပေးသေးလို့စကားများရသေးတယ်

 

နေပြန်ကောင်းရင်ချောင်းသာလိုက်ပို့ပေးမယ် ဘေဘီ့ကိုလဲတသက်လုံးချော့ပါ့မယ်ဆိုတဲ့ဦးစည်သူရေ အချိန်ပြည့်ဆေးကုဖို့ပဲခေါင်းထဲမှာရှိနေပြီး ထွက်သွားမယ့်၁၆ရက်နေ့မှာတောင် ဆေး၂၃သိန်းဖိုးမှာပြီး ကိုဗစ် အတွက်လိုနေတဲ့ဆေးတွေကို AA ကမှာသွားသေးတယ် Centre ဆောက်ဖို့သူ့သူငယ်ချင်းတွေနဲ့တိုင်ပင်သွားသေးတယ် ၁၁ရက်နေ့ ည ၁၁လောက်ထိအကောင်း သူ့ဘေဘီနေ့မအိပ်ညမအိပ်ရလို့ အိပ်ဆေးတိုက်ပြီးအိပ်ခိုင်းလိုက်တာနိုးလာတော့ အမောဖောက်နေပြီ နာရီဝက်အတွင်းမျက်စိရှေ့မှာတင်ဘေဘီ့ဆီက ကိုကိုထွက်သွားခဲ့တယ်

 

ခုများအရိပ်တောင်မပြဘူး ကိုကိုသဘောကျတဲ့ဆေးတွေလိုက်ကုနေပြီမို့လား ဘေဘီကျေနပ်ပါ

တယ်ကိုကို ရောဂါစဖြစ်တည်းက နောက်ဆုံးချိန်ထိကိုကို့အနားမှာ ဘေဘီ နေခွင့်ရတာကိုပဲ လက်ဆောင်တခုပါကိုကို

ကိုကိုမရှိတဲ့ဘဝမှာမနေချင်လို့ဆေးသောက်ပြီးလိုက်ခဲ့ပေမယ့် ကိုကိုကခွင့်မပြုဘဲဘေဘီ့ကိုပြန်နိုးစေခဲ့တယ်လေ ဒေါ်စံပလယ် လို့လဲခေါ်မယ့်သူမရှိတော့ဘူး