အောက်ဆီဂျင်အိုးတွေကိုကိုင်တွယ်သုံးစွဲရင် ဂရုစိုက်ကြဖို့ဒီVideoလေးက သက်သေပြနေ

အောက်ဆုံးတွင်Videoပါသည်…

 

အောက်ဆီဂျင်အိုးက ရော့ကတ် ဒုံးကျည်လို အန္တရယ် ရှိပါတယ်အောက်ဆီဂျင် စလင်ဒါအိုးများ ကိုင်တွယ်ကြရာမှာ သတိထားကြပါ အဆင်မသင့်ရင် ရော့ကတ် ဒုံးကျည် လို အုတ်နံရံကို ဖောက်ထွင်းနိုင်တဲ့အထိ အားပြင်းထန်ပါတယ်

အောက်မှာ ရေးသားထားသကဲ့သို့ လိုက်နာကြပါ အောက်ဆီဂျင်အိုး အသုံးပြုသူများအတွက် ဆောင်ရန်၊ ရှောင်ရန်များမီးလောင်ခြင်းကို အားပေးပါတယ်။ မီးဖို၊ ဖယောင်တိုင်မီး၊ ဆေးလိပ်မီး၊ မီးမှန်သမျှနဲ့ ဝေးရာမှာထားရပါမယ်

 

ဆီနဲ့ထိရင် ပေါက်ကွဲတတ်ပါတယ်။ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ခေါင်းလိမ်းဆီ၊ ဆီမှန်သမျှနှင့် လုံးဝမထိမိအောင်ထားရပါမယ် လှည့်တဲ့ဝှီးဘား ကြပ်နေရင်တောင် ဆီစွတ်ပြီး မဖွင့်ရပါဘူး

လေဖြည့်ထားတဲ့အိုးဟာ အတွင်းဖိအား 1800psi ရှိပါတယ်။ ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုး ရှောင်ကြဉ်ရပါမယ်

 

လဲကျခြင်းမဖြစ်အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်နှောင်ထားရပါမယ်။ radiation မဖြစ်တဲ့အတွက် သူ့နားမှာ ဖုန်းပြောနိုင်ပါတယ် သတိရှိနိုင်ကြပါစေ

Videoကြည့်ရန်..