ရွှေဘိုမှာ ရဲတွေသူ့စရိတ်နဲ့သူ ကြွကုန်ပြီ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးဝင်းအနီးရှိ တံတားဘောင်တစ်ခုကို ဇူလိုင်လ ၂၂ ရက် ယနေ့ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ တစ်ဦး မောင်းနှင်လာသည့် ကားမှ ဝင်တိုက်မိပြီး ကားပေါ်ပါလာသော ရဲ ၁ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရသည်ဟု ဒေသသတင်းရင်းမြစ် Shwebo Entertainment တွင် ဖော်ပြသည်။

 

 

ရဲတပ်ဖွဲ့ဝင် ၃ ဦး ကားတိုက်ခံရသည်ဟု အစောပိုင်းသတင်းများ ထွက်ပေါ်ခဲ့ပေမယ့် ရဲများမှာ ကိုယ်တိုင်မူးနေပြီး ကားမောင်းလာကာ တံတားဘောင်ကို ဝင်တိုက်ကြောင်း၊ တစ်ဦး ပွဲချင်းပြီးသေဆုံး၊ တစ်ဦးမှာ ရေထဲပြုတ်ကျကာ ကျန်တစ်ဦးမှာလည်း ကတုန်ကယင်ဖြစ်နေကြောင်း ဖော်ပြထားသည်။

 

Zawgyi Version



 
