ဟိုအဖွဲ့ကခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ခေါင်းပြောင်းခံလိုက်ရပြန်ပြီ

 

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ မေလ ၁၉ ရက်နေ့က စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

 

ဘုရားသုံးဆူမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဇင်မင်းကို သူနေထိုင်ရာ ဒေါနလမ်းသွယ် (၁)တွင် ယနေ့ နံနက် ၉ နာရီကျော်က အမည်မသိလူတစ်စုမှ ၎င်း၏ကား၊ ဆိုင်ကယ်ရေဆေးဆိုင်တွင် သေနတ်ဖြင့် လာရောက် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ” မနက်က ၉ နာရီ ၁၅ မိနစ်မှာဖြစ်သွားတာ၊ စစ်တပ်က သူ့ကိုရပ်ကွက် အုပ်ချုပ်ရေးမှူးခန့်ထားတာလေ၊ သူ့ကြောင့် သုံးဆူက လူငယ်တော်တော်များများ အဖမ်းခံရတယ်၊ ဘယ်သူတွေ လုပ်သွားတာလဲတော့မသိဘူး၊ သူ့ဆိုင်ရေဆေးခုံမှာ ပစ်သတ်သွားတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

 

စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းသည် ဒုတပ်ရင်းမှူးအဆင့်ဖြင့် စစ်တပ်မှ အငြိမ်းစားယူထားသူဖြစ်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်တစ်ဦးလည်းဖြစ်သည်။ လက်ရှိတွင် အခင်းဖြစ်ပွားသည့်နေရာတွင် အသွားအလာအာလုံး ပိတ်ထားသည်ဟု သိရသည်။

 

Zawgyi Version

 

ဟိုအဖြဲ႕ကခန္႔ထားတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေခါင္းေျပာင္းခံလိုက္ရျပန္ၿပီ

 

ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕တြင္ ယေန႔ ေမလ ၁၉ ရက္ေန႔က စစ္ေကာင္စီမွ ခန႔္အပ္ထားသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း သိရသည္။

 

ဘုရားသုံးဆူၿမိဳ႕ အမွတ္ (၄) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေက်ာ္ဇင္မင္းကို သူေနထိုင္ရာ ေဒါနလမ္းသြယ္ (၁)တြင္ ယေန႔ နံနက္ ၉ နာရီေက်ာ္က အမည္မသိလူတစ္စုမွ ၎၏ကား၊ ဆိုင္ကယ္ေရေဆးဆိုင္တြင္ ေသနတ္ျဖင့္ လာေရာက္ ပစ္သတ္သြားခဲ့ျခင္းျဖစ္သည္ဟု ၿမိဳ႕ခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

အမည္မေဖာ္လိုသူ ၿမိဳ႕ခံတစ္ဦးက ” မနက္က ၉ နာရီ ၁၅ မိနစ္မွာျဖစ္သြားတာ၊ စစ္တပ္က သူ႔ကိုရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးခန႔္ထားတာေလ၊ သူ႔ေၾကာင့္ သုံးဆူက လူငယ္ေတာ္ေတာ္မ်ားမ်ား အဖမ္းခံရတယ္၊ ဘယ္သူေတြ လုပ္သြားတာလဲေတာ့မသိဘူး၊ သူ႔ဆိုင္ေရေဆးခုံမွာ ပစ္သတ္သြားတာ။” ဟု ေကအိုင္စီသို႔ ေျပာသည္။

စစ္ေကာင္စီ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဇင္မင္းသည္ ဒုတပ္ရင္းမႉးအဆင့္ျဖင့္ စစ္တပ္မွ အၿငိမ္းစားယူထားသူျဖစ္သလို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဝင္ တစ္တစ္ဦးလည္းျဖစ္သည္။ လက္ရွိတြင္ အခင္းျဖစ္ပြားသည့္ေနရာတြင္ အသြားအလာအာလုံး ပိတ္ထားသည္ဟု သိရသည္။