ဒဂုံတက္ကသိုလ်ကျောင်းသားနှင့် သူ့မိသားစုတွေကို ညကခွေးဆွဲသွားလို့ပါ

 

မေလ၂၀ရက် ညပိုင်း ဒဂုံတက္ကသိုလ်ကျောင်းသားတဦးဖြစ်သည့် ကိုကျော်လင်းထွဋ်ကို အင်းစိန်မြို့နယ်ရှိ၄င်း၏နေအိမ်တွင်အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၄င်းနှင့်အတူ မိသားစုဝင်နှစ်ဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။

“သူ့အိမ်ကို ည၁၀နာရီလောက်က စစ်ကားတစီး၊ရဲကားတစီးရောက်လာပြီးဝင်ဖမ်းတာ၊အချိန် နှစ်နာရီလောက်အဲ့အိမ်မှာဝင်မွှေသေးတယ်၊ သူအပါအဝင်သူ့တအိမ်လုံးကိုလည်းစစ်နေတယ်။ည ၁၂နာရီခွဲလောက်ကျတော့ သူအပါအဝင် သူ့အိမ်ကမိသားစုဝင်နှစ်ယောကိုဖမ်းသွားတယ် ။ ဘာအကြောင်းကြောင့်ခေါ်သွားတာလဲတော့ မသိဘူး”ဟု ၄င်း၏ အိမ်နီးချင်းတဦးကပြောကြားသည်။

 

ကိုကျော်လင်းထွဋ်သည် ဒဂုံတက္ကသိုလ် ဇီဝဓာတုဗေဒဘာသာအထူးပြု နောက်ဆုံးနှစ်ကျောင်းသားတဦးဖြစ်သည်။

Zawgyi Version

ဒဂုံတကၠသိုလ္ေက်ာင္းသားႏွင့္ သူ႔မိသားစုေတြကို ညကေခြးဆြဲသြားလို႔ပါ

 

ေမလ၂၀ရက္ ညပိုင္း ဒဂုံတကၠသိုလ္ေက်ာင္းသားတဦးျဖစ္သည့္ ကိုေက်ာ္လင္းထြဋ္ကို အင္းစိန္ၿမိဳ႕နယ္ရွိ၄င္း၏ေနအိမ္တြင္အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး ၄င္းႏွင့္အတူ မိသားစုဝင္ႏွစ္ဦးကိုလည္းဖမ္းဆီးသြားခဲ့ေၾကာင္းသိရသည္။

“သူ႔အိမ္ကို ည၁၀နာရီေလာက္က စစ္ကားတစီး၊ရဲကားတစီးေရာက္လာၿပီးဝင္ဖမ္းတာ၊အခ်ိန္ ႏွစ္နာရီေလာက္အဲ့အိမ္မွာဝင္ေမႊေသးတယ္၊ သူအပါအဝင္သူ႔တအိမ္လုံးကိုလည္းစစ္ေနတယ္။ည ၁၂နာရီခြဲေလာက္က်ေတာ့ သူအပါအဝင္ သူ႔အိမ္ကမိသားစုဝင္ႏွစ္ေယာကိုဖမ္းသြားတယ္ ။ ဘာအေၾကာင္းေၾကာင့္ေခၚသြားတာလဲေတာ့ မသိဘူး”ဟု ၄င္း၏ အိမ္နီးခ်င္းတဦးကေျပာၾကားသည္။

 

ကိုေက်ာ္လင္းထြဋ္သည္ ဒဂုံတကၠသိုလ္ ဇီဝဓာတုေဗဒဘာသာအထူးျပဳ ေနာက္ဆုံးႏွစ္ေက်ာင္းသားတဦးျဖစ္သည္။