အပြစ်ရှိသမျှလည်း ပြေ ဝဋ်ကြွေး ရှိသမျှလဲ ကြေပါစေ အရှင်သောဘိတရေ

မက်မောစရာ ကာလာစုံနဲ့လိုချင်စရာ ပေါများတဲ့ ဒီခေတ်မှာခံစားချက်တွေကို မျိုသိပ်လို့တိတ်တိတ်လေး ငိုကြွေးရတဲ့ ရဟန်းတစ်ပါးအဖြစ်ကိုကိုယ်ချင်းစာ နားလည်မှုတရားမရှိအကုသိုလ်တိမ်ဖုံးနေတဲ့ မျက်လုံးနဲ့အပြစ်သာ မြင်တတ်သူများရဲ့ဝဋ်ကြွေးမှ ကြေပါရစေ….

 

ဖြေစရာ ဒေသနာကိုရှာတော့တစ်နည်းတဖန် ဟန်ပြဖို့
ပုတီးပန် စျာန်ရတဲ့ ရဟန္တာမှ မဟုတ်တာအပြုပြင်မှု မထားနိုင်သေးတဲ့ ပုထုဇဉ်လူသားထဲကလူသားပဲလေစိတ်ကူးနဲ့ လွဲခဲ့သမျှဆုံမှတ် ကဗျာစပ်လို့Fb. ပေါ်တင်ရင်တောင် ဒါလား ရဟန်း အပြစ်တင်တဲ့စိတ်နဲ့ဖီးလ်တယ်လို့ပြောတတ်တဲ့ အောက်တန်းစား ပါးစပ်များရဲ့ဝဋ်ကြွေးများရှိရင် ကြေပါရစေ…

ရဟန်းတစ်ပါးရဲ့ အလွမ်းဟာ စွာလွှာ ကဗျာသင်တို့ရဲ့ အလွမ်းကျ အရက်ဘီယာဒါနဲ့များတောင် အရေခြုံကတုံးတဲ့ကိုယ်တိုင်လဲ မကြုံ ကြားသမျှနဲ့နားထောင်ထမိန်ကြားထဲကနေ အရေခြုံကတုံးများတဲ့ကဲဘယ်မှာလဲ ကိုယ်ချင်းစာတရား
အဲ့ဒီလို ကြားသမျှပြောတတ်ကြတဲ့ အောက်တန်းစားများရဲ့ ဝဋ်ကြွေးမှလဲ ကြေပါရစေ…

လူတွေရဲ့အခတ်ခဲ လူတွေအားလုံးသိတယ်ရဟန်းတစ်ပါးရဲ့ အခက်ခဲကတော့ကိုယ်ချင်းစာတရားနဲ့ မြင့်မြတ်တဲ့ လူသားမှသိတယ်…

အပြစ်တင်ရတာ လွယ်ပါတယ် ချစ်ခင်ခံရဖို့ပဲ ခက်ခဲတာမချစ်ခင်ချင်ရင် နေပါ အပြစ်တင်တော့ မစောကြပါနဲ့

 

ရဟန်းတစ်ပါးရဲ့ တောက်ခေါက်သံဟာရင်ထဲမှာပဲ ပဲ့တင်ထပ်တယ်အပြင်ကိုထွက်ဖို့ကျ သိက္ခာပုဒ်တွေ ထိန်းချုပ်ရတယ်

လူတွေရဲ့ တောက်ခေါက်သံဟာတုတ်ဓား ခိုက်ရန်ဖြစ်ပွား ဆဲဆိုခြင်းများနဲ့အဆုံးသက်ကြတယ်…

မတူတာတွေကို ခြားနားကြည့်ပါပြီးတော့ ကိုယ်ချင်းစာ တရားလေးထားကြည့်ပါ…

ဝဋ်ကြွေးပါရင်တော့ ဆပ်ရမှာပဲလေ အားအားယားယား အပြစ်ပဲမြင် အပြစ်ပဲတင်ဖြူစင်တဲ့ စိတ်ထား မရှိသူများနဲ့ ဆုံရတာတော့ဝဋ်ကြွေး မဟုတ်တော့ဘူးအဲ့ဒါ အောက်တန်းစားတွေလို့ ခေါ်တယ်….

 

ကဲ ဘယ်လိုတရားပဲ ဖြစ်ဖြစ်ပေါ့အပြစ်ရှိသမျှလဲ ပြေ
ဝဋ်ကြွေး ရှိသမျှလဲ ကြေပါစေ အရှင်သောဘိတရေ….ဝဋ်ကြွေးရှိသမျှ ကြေပါစေ ဝဋ်ကြွေး ရှိသမျှကြေပါစေ…
သုအလင်္ကာ(ရွှေသင်း)