တိုင်းပြည်အတွက် အသက်ပေးခဲ့ပေမယ့် အလောင်းတောင်ပြန်မရနိုင်ခဲ့တဲ့သူရဲကောင်းရဲ့ အဖြစ်ဆိုး

အခုလက်ရှိမှာတော့ တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြည်သူတွေလည်း အသက်ဘေးကနေ လွတ်မြောက်အောင် ရှောင်တိမ်းနေရတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ လုန်ဘမ်းရွာအနီးမှာ မနက် (၈)နာရီခန့်ကစတင်ပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီဖြစ်စဥ်မှာ “Chin National Defense Force” အဖွဲ့က အဖွဲ့သားတစ်ဦး ကျဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ် ။

အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းကတော့ CNO/ CNDF အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်ဖို့အတွက် စွန့်လွှတ်အနစ်နာခံသွားခဲ့တာ ဖြစ်ပါတယ် ။ ကိုယ့်ဒေသအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေပွန်ပေးသွားခဲ့တဲ့ သူရဲကောင်း Salai Cung Nwal Paing ကို အားလုံးကလည်း လေးစားဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။

 

ချင်းအမျိုးသားအဖွဲ့ချုပ်ကလည်း Salai Cung Nwal Paing ရဲ့ပေးဆပ်မှုအတွက် လေးစားမိကြောင်း၊ မိသားစုနဲ့ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း ရေးသားထားတဲ့ စာတစ်စောင်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။

 

သူရဲကောင်း Salai Cung Nwal Paing ရဲ့ရုပ်အလောင်းကတော့ အခုချိန်အထိ မိသားစုထံပြန်မရောက်နိုင်သေးတာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။

ပြည်သူတစ်ချို့ကလည်း မေလ (၂၁)ရက်နေ့မှာ ကျဆုံးခဲ့တဲ့ Salai Cung Nwal Paing အတွက် လွမ်းသူ့ပန်းခွေတွေချပေးပြီး ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ် ။ CNO/ CNDF အဖွဲ့သားတွေကတော့ ချင်းပြည်နယ်ကာကွယ်ရေးအတွက် သူတို့ရဲ့အသက်ကိုတောင်ပဓာနမထားဘဲ တိုက်ပွဲဝင်ပေးနေကြတာ ဖြစ်ပါတယ် ။