စစ်ဘေးဒုက္ခသည်အယောင်ဆောင်ပြီး ပြည်သူတွေပုန်းရှောင်နေတဲ့ မင်းတပ်မြို့အနီးကဘူကွန်းရွာကိုဖြိုခွင်းခဲ့တဲ့မြင်ကွင်း

အောက်ဆုံးတွင်videoပါသည်….

 


ဒီရက်ပိုင်းမှာတော့ ချင်းပြည်နယ်နဲ့ကယားပြည်နယ်တွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေပြင်းထန်နေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ကျဆုံးသူတွေလည်း များပြားလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ (၂၁) ရက်နေ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဖြိုခွင်းခံခဲ့ရတာကြောင့် CDF Mindat မှ အဖွဲ့ဝင်တစ်ဦးကျဆုံးပြီး (၉) ဦးခန့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ် ။ မနေ့က နေ့လည် (၂) နာရီခန့်ကစတင်ပြီး ညနေ (၆)နာရီအထိ မင်းတပ်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။

ဖြစ်စဥ်ကတော့ တစ်ဖက်အဖွဲ့က စစ်ဘေးဒုက္ခသည်ယောင်ဆောင်ပြီး အရပ်ဝတ်များနဲ့ တာလပတ်ခြုံကာ တက်လာခဲ့တာ ဖြစ်ပါတယ် ။ အနီးကပ်ရောက်တဲ့အခါကျမှ မောင်းပြန်သေနတ်များဖြင့် CDF တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်သူတွေ ပုန်းရှောင်နေတဲ့ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။

 

ပြည်သူတစ်ဦးကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ‌ချီချောင်းဘက်ကနေ စစ်ဘေးရှောင်ပြည်သူတွေ ခိုအောင်းနေတဲ့ ဘူကွန်းရွာကိုတိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းကို ဗီဒီယိုမှတ်တမ်းယူထားခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာဆိုရင် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဖြိုခွင်းခံနေရတဲ့ အသံတွေကို အတိုင်းသားကြားနေရတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အားလုံးကလည်း မင်းတပ်မြို့ရှိ စစ်ဘေးရှောင်ပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။

 

Videoကြည့်ရန်…..