သမ္မတဘိုင်ဒန် ပြောစကားကြောင့် မြန်မာစစ်ကောင်စီ ထွက်ပြေးရမယ့်အခြေအနေဖြစ်လာ

မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေကကမ္ဘာ့နိုင်ငံတွေကို ပန်ကြားလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းရဲ့အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်မှာ သောကြာနေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် စစ်တပ်နဲ့ ရဲတွေရဲ့ အကြ+မ်းဖက်မှုတွေကို ၂ နိုင်ငံစလုံးကပြတ်ပြတ်သားသား ရှုတ်ချကြောင်း ပြောကြားလိုက်တဲ့အပြင် ဒီအကြ+မ်းဖက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့၊

ဖမ်းဆီးထားသူတွေကို ပြန်ပြီး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ပြီးလျှောက်လှမ်းလာစေဖို့တွေ အတွက် နှစ်ဖက်စလုံးက ဆက်လက်ဖိအားပေးဖို့
သန္နိဋ္ဌာန်ချထားကြကြောင်းလည်း ပြောပါတယ်။

 

ဒါ့အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားနည်းတူ မြန်မာနိုင်ငံသားတွေကို ခိုလှုံစရာ နေရာနဲ့အကာကွယ်ပေးကြဖို့နဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လက်နက်ရောင်းချမှုတားဆီးကြဖို့လည်း ကမ္ဘာ့နိုင်ငံအားလုံးကို တောင်းဆိုခဲ့တာပါ။

 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း သမ္မတ ဂျိုးဘိုင်ဒန်ကကြေညာချက်ထုတ်ပြန်ပြီး မြန်မာစစ်တပ် အာ+ဏာသိမ်းထားတာကို ချက်ချင်းစွန့်လွှတ်ဖို့၊ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ အရပ်သားတွေအပေါ် မကြမ်းမဖက်ဖို့ တောင်းဆိုခဲ့ပြီးနိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တညီတညွတ်တည်း ပူးပေါင်းဖိအားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Source : VOA

Zawgyi Version

 

ေအမရိကန္သမၼတဘိုင္ဒန္ ေျပာစကားေၾကာင့္ ျမန္မာစစ္ေကာင္စီ ထြက္ေျပးရမယ့္အေျခအေနျဖစ္လာ

ျမန္မာစစ္တပ္ကို လက္နက္မေရာင္းခ်ဖို႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယား ေခါင္းေဆာင္ေတြကကမာၻ႔ႏိုင္ငံေတြကို ပန္ၾကားလိုက္ပါတယ္။

ေတာင္ကိုရီးယားသမၼတ မြန္းေဂ်းအင္းရဲ႕အေမရိကန္ျပည္ေထာင္စုကို လာေရာက္တဲ့ ခရီးစဥ္မွာ ေသာၾကာေန႔က အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံအၿပီး ထုတ္ျပန္တဲ့ ပူးတြဲေၾကညာခ်က္မွာ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

 

ျမန္မာႏိုင္ငံမွာ အရပ္သားေတြအေပၚ စစ္တပ္နဲ႔ ရဲေတြရဲ႕ အၾက+မ္းဖက္မႈေတြကို ၂ ႏိုင္ငံစလုံးကျပတ္ျပတ္သားသား ရႈတ္ခ်ေၾကာင္း ေျပာၾကားလိုက္တဲ့အျပင္ ဒီအၾက+မ္းဖက္ေနမႈေတြ ခ်က္ခ်င္းရပ္တန္႔ဖို႔၊

ဖမ္းဆီးထားသူေတြကို ျပန္ၿပီး လႊတ္ေပးဖို႔နဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ အျမန္ျပန္ၿပီးေလွ်ာက္လွမ္းလာေစဖို႔ေတြ အတြက္ ႏွစ္ဖက္စလုံးက ဆက္လက္ဖိအားေပးဖို႔
သႏၷိ႒ာန္ခ်ထားၾကေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားနည္းတူ ျမန္မာႏိုင္ငံသားေတြကို ခိုလႈံစရာ ေနရာနဲ႔အကာကြယ္ေပးၾကဖို႔နဲ႔ အာဏာသိမ္းထားတဲ့ စစ္တပ္ကို လက္နက္ေရာင္းခ်မႈတားဆီးၾကဖို႔လည္း ကမာၻ႔ႏိုင္ငံအားလုံးကို ေတာင္းဆိုခဲ့တာပါ။

 

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကလည္း သမၼတ ဂ်ိဳးဘိုင္ဒန္ကေၾကညာခ်က္ထုတ္ျပန္ၿပီး ျမန္မာစစ္တပ္ အာ+ဏာသိမ္းထားတာကို ခ်က္ခ်င္းစြန္႔လႊတ္ဖို႔၊ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ဖို႔နဲ႔ အရပ္သားေတြအေပၚ မၾကမ္းမဖက္ဖို႔ ေတာင္းဆိုခဲ့ၿပီးႏိုင္ငံတကာ အသိုင္းအဝိုင္းကလည္း တညီတၫြတ္တည္း ပူးေပါင္းဖိအားေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

Source : VOA