တန့်ဆည်မြို့က အကြီးစားဒလန်လင်မယား မြေဩဇာဖြစ်သွား

 

ယနေ့မေလ ၂၃ ရက်နေ့ နံနက် ၈နာရီ ၁၅ မိနစ်အချိန်ခန် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်နေ အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးနေသည့် ဒလန်အမာခံ၊ ပျူစောထီးအဖွဲ့ဝင် ဦးသိန်းဆွေအောင်(ခ)မောင်စိုးနှင့်မချောစုတို့ ဇနီးမောင်နှံသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဦးသိန်းဆွေအောင်(ခ)မောင်စိုး သေဆုံးသွားကြောင်း သိရှိရသည်။

ဦးသိန်းဆွေအောင်(ခ)မောင်စိုးဆိုသူသည် ယခင်က သစ်မှောင်ခို၊ ရဲသတင်းပေးလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုကာလမှာလည်း စစ်ကောင်စီရဲ့အကြီးစားဒလန်တစ်ဦးဖြစ်ကြောင်း ဒေသခံများ၏အဆိုအရ သိရှိရသည်။

 

ဦးသိန်းဆွေအောင်သည် ရေဦးဆေးရုံတက်ရောက်စဉ် သေဆုံးသွားပြီး ဇနီးဖြစ်သူမှာ ဆက်လက်ကုသလျက်ရှိကြောင်း သိရသည်။

Zawgyi Version


 


 

