ဒီကနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်ရုံးထုတ်စစ်ဆေး

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ထိန်းသိမ်းခံထားရပြီး အမှုတပ် စွပ်စွဲခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဒီနေ့ မေလ ၂၄ ရက်မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးဖို့ ရှိနေပါတယ်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားချက်အရ အခုတစ်ပတ် ရုံးချိန်;ကစလို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အနီးမှာရှိတဲ့ သီးသန့်တရားခွင်မှာ စစ်ဆေးသွားမှာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောထားပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မဲဆွယ်ကာလ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သဘာဝဘေးစီမံခန့်ခွဲမှုဥပေဒပုဒ်မ ၂ ခု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁ ခု၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၁ ခု အပြင် နေအိမ်မှာ စကားပြောစက် (Walkie Talkie)တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန် ပုဒ်မ စတဲ့ အမှုတွေကို ရင်ဆိုင်နေရတာပါ။

 

အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ ဒီအမှုတွေထဲက တချို့ကို ရုံးထုတ်ချိန်က အင်တာနက်မရလို့ ရုံးချိန်းမလုပ်ဖြစ်ခဲ့တာအပါအဝင် အမှုလိုက်ပါ ဆောင်ရွက်ခွင့်ရတဲ့ရှေ့နေရဲ့ အမှုသည်နဲ့တွေ့ဆုံခွင့်တောင်းဆိုမှုတွေဟာလည်း ရုံးချိန်းတစ်ကြိမ်မက ရှိခဲ့ပါတယ်။

 

အဲဒီနောက် နောက်ရုံးချိန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယို ကွန်ဖရန်ဇင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး အခုတော့ ပထမဆုံးအကြိမ် လူတွေ့စစ်ဆေးမှာဖြစ်ပါတယ်။

Zawgyi Version

ဒီကေန႔မွာ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ပထမဆုံးအႀကိမ္အျဖစ္ လူကိုယ္တိုင္႐ုံးထုတ္စစ္ေဆး

စစ္တပ္က အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ကတည္းက ထိန္းသိမ္းခံထားရၿပီး အမႈတပ္ စြပ္စြဲခံေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္မွာ ဒီေန႔ ေမလ ၂၄ ရက္မွာ ပထမဆုံးအႀကိမ္ လူကိုယ္တိုင္ ႐ုံးထုတ္စစ္ေဆးဖို႔ ရွိေနပါတယ္။

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္အရ အခုတစ္ပတ္ ႐ုံးခ်ိန္;ကစလို႔ ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္အနီးမွာရွိတဲ့ သီးသန႔္တရားခြင္မွာ စစ္ေဆးသြားမွာလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ေဒၚမင္းမင္းစိုးက ဘီဘီစီကို ေျပာထားပါတယ္။

 

ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက မဲဆြယ္ကာလ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ သဘာဝေဘးစီမံခန႔္ခြဲမႈဥေပဒပုဒ္မ ၂ ခု၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁ ခု၊ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒပုဒ္မ ၁ ခု အျပင္ ေနအိမ္မွာ စကားေျပာစက္ (Walkie Talkie)ေတြ ေတြ႕တယ္ဆိုၿပီး ပို႔ကုန္သြင္းကုန္ ပုဒ္မ စတဲ့ အမႈေတြကို ရင္ဆိုင္ေနရတာပါ။

အာဏာသိမ္းမႈ အေစာပိုင္းကာလေတြမွာ ဒီအမႈေတြထဲက တခ်ိဳ႕ကို ႐ုံးထုတ္ခ်ိန္က အင္တာနက္မရလို႔ ႐ုံးခ်ိန္းမလုပ္ျဖစ္ခဲ့တာအပါအဝင္ အမႈလိုက္ပါ ေဆာင္႐ြက္ခြင့္ရတဲ့ေရွ႕ေနရဲ႕ အမႈသည္နဲ႔ေတြ႕ဆုံခြင့္ေတာင္းဆိုမႈေတြဟာလည္း ႐ုံးခ်ိန္းတစ္ႀကိမ္မက ရွိခဲ့ပါတယ္။

အဲဒီေနာက္ ေနာက္႐ုံးခ်ိန္းေတြမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ဗီဒီယို ကြန္ဖရန္ဇင္းစနစ္နဲ႔ ႐ုံးထုတ္ခဲ့ၿပီး အခုေတာ့ ပထမဆုံးအႀကိမ္ လူေတြ႕စစ္ေဆးမွာျဖစ္ပါတယ္။