ယနေ့ ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးရာ ပြည်သူတွေအတွက်ပြောကြားလိုက်တဲ့စကားတစ်ခွန်း

 


ပြည်သူရှိနေသရွေ့ NLD ပါတီရှိနေမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ၂၀၂၁၊ မေ(၂၄)ရက် ရုံးထုတ်စစ်ဆေးရာ၌ ပြောကြားခဲ့ကြောင်း ၎င်း၏ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ၂မှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ) စုစုပေါင်း အမှု(၅)မှုဖြင့် တရားစွဲခဲ့သဖြင့် ယင်းအမှုကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

 


Zawgyi Version



 
