ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပြည်သူလူထုကို မတူရင်မတုနဲ့ဆိုပြီး မိုက်ရိုင်းစော်ကားလိုက်တဲ့ မင်းအုပ်စိုး

မတူရင်မတုကြပါနဲ့လားကွယ်

မတူရင် မတုနဲ့ဆိုတဲ့စကားပုံက ကျွန်တော်တို့ရဲ့မြန်မာပြည်မှာနှစ်ပေါင်းများစွာရှည်ကြာလာတဲ့အထိ အခိုင်အမာရှိနေခဲ့တဲ့စကားပုံတစ်ခုပါ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်အခ်ိုင်အမာရှိနေတယ်ဆိုကတည်းကအဲ့ဒီစကားပုံဟာရာခိုင်နှုန်းပြည့်မှန်တဲ့အတွက်

 

မြန်မာနိုင်ငံကြီးမှာ မွေးဖွာရှင်သန်လူလားမြောက်လာကြတဲ့လူတွေအားလုံးလက်ခံယုံကြည်လာခဲ့ကြတာပေါ့

မတူရင်မတုနဲ့ဆိုတဲ့စကားက သိပ်အများကြီး စဉ်းစားနေရမယ့်စကားမျိုး ရှည်ရှည်ဝေးဝေးတွေးနေရမယ့်စကားမျိုးအနက်အဓိပ္ပာယ်ကိုခေါင်းစားခံပြီးကြံဆဖော်ထုတ်ရမယ့်စကားမျိုးမဟုတ်ပါဘူး

 

မတူရင်မတုနဲ့ဆိုတာ ရိုးရိုးလေးပါဗျာမတူရင်မတုနဲ့ပေါ့ မတူတာကိုသွားတုရင် ဘာဖြစ်တက်သလဲဆိုတာကိုအလွယ်ဆုံးနဲ့အတိုဆုံးပြောပြရရင်

အရာအားလုံးပျက်စီးတက်တာပေါ့ဗျာ… အင်အားချင်းမတူတာကိုသွားတုရင် အရည်အချင်း ချင်းမတူတာကိုသွားတုရင် ခံနိုင်ရည် ခံနိုင်စွမ်းမတူတာကိုသွားတုရင် တောင့်တင်းကြံ့ခိုင်သန်မာတာခြင်းမတူတာကိုသွားတုရင် အတွေ့အကြုံခြင်းမတူတာကိုသွားတုရင် တိုက်ရည်ခိုက်ရည်မတူတာခြင်းက်ိုသွားတုရင် သွားတုကြတဲ့သူတွေပဲ အလုံးစုံပျက်သုဉ်းခြင်းဆိုတဲ့ဘူတာရုံအအိုအဟောင်းလေးထဲမှာတန်းစီပြီးတွဲထိုးထားကြရမှာပါ… ။

 

အခြားသောတိုင်းပြည်တွေရဲ့နိုင်ငံရေးဖြစ်စဉ်ကိုတော့ အသေအချာအတိအကျမသိတာကြာင့် ကျွန်တော် ရေးမပြတော့ပါဘူး

ကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးဖြစ်စဉ်အကြောင်းကတော့အတိအကျအသေအချာသိတာကြောင့် ရေးပြရဲပါတယ် ။

ကျွန်တော်တိုမြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားခဲ့တာ ကျွန်တော်တို့တိုင်းပြည်ကြီးဒီမိုကရေစီတိုင်းပြည်တစ်ခုအဖြစ်အသွင်ပြောင်းလဲလာခဲ့တာဟာ

ဘယ်ကောင်တွေ ဘယ်ကောင်မတွေမှတိုက်ယူပေးခဲ့လို့ရခဲ့တာမဟုတ်ပါဘူး

ဗိုလ်ချုပ်ကြီးနေဝင်းပြန်ဖွင့်ပေးလိုက်တဲ့ဒီမိုကရေစီလမ်းအူကြောင်းကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေကစနစ်တကျနဲ့ အချိန်ယူ လမ်းဖောက်ပေးခဲ့ပြီး ဗိုလ်ချုပ်ကြီးသိန်းစိန်ကအဲ့ဒီလမ်းကြောင်းပေါ်မှာပထမဦးဆုံးစမောင်းခဲ့ပြီးမှ

ကျွန်တော်တို့ရဲ့မြန်မာနိုင်ငွတော်ကြီးဒီမိုကရေစီလမ်းကြောင်းပေါ်တည်တည်ငြ်ိမ်ငြိမ်ဖြောင့်ဖြောင့်တန်းတန်းစလျှောက်ခွင့်ရလာတာပါ…

 

ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော်ကြီးဒီမိုကရေစီနိုင်ငံတော်အဖြစ်ရှင်သန်ပေါက်ဖွားခွင့်ရလာတာဟာဒေါ်အောင်ဆန်းစုကြည်ကြောင့်မဟုတ်သလို တခြားသောလက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့်လည်းမဟုတ်ပါဘူး…

မြန်မာနိုင်ငံကြီး ဒီမိုကရေစီနိုင်ငံအဖြစ်

ပြောင်ရလဲတည်ရှိခွင့်ရလာတဲ့နေရာမှာအဓိကကျတဲ့
ပဲ့ကိုင်ရှင်တွေကိုပြောပါဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မြန့်မာတပ်မတော်ပါပဲ

အဲ့ဒီစကားကိုမယုံကြည်ဘူးလက်မခံဘူးဆိုရင်လည်းနေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နဲ့အားလုံးမှာရှိနေကြတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ပတ်သတ်တဲ့အဆောက်အဦးတွေကိုဘယ်သူတွေက တည်ဆောက်ပေးခဲ့သွားသလဲဆိုတာလေ့လာကြည့်ရင်သိန်ိုင်ပါတယ်

 

ဒါကဥပမာတစ်ချက်ပဲပေးပြတာပါ

စာသိပ်ရှည်နေမဆိုးလို့လိုရင်းကိုပဲတန်းပြောလိုက်ပါတော့မယ်မြန်မာနိုင်ငံတော်ကြီးရဲ့ဖြစ်တည်မှုမှာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းကြောင်းမှာ မြန်မာ့တပ်မတော်ကြီးရဲ့ ကူညီထောက်ပံ့ဝန်းရံပေးမှုတွေက ထုထည်ကြီးကြီးနဲ့ကိုတည်ရှိခဲ့တာပါ…

အခုလက်ရှိအခြေနေမှာတပ်မတော်ကြီးကို မိုက်မိုက်ရိုင်းရိုင်းဆဲရမှ အသက်ခြောက်ဆယ်ကျော်နေတဲ့ကာကွယ်ရေးဦးစီးချုပ်ကြီးကိုမိုက်မိုက်ရိုင်းရိုင်းပြောလိုက်ရမှ ရဲရဲနီတဲ့နိုင်ငံရေးသမားလို့ ရူးကြောင်ကြောင်နဲ့ သဘောပေါက်နေကြတဲ့ လူမျိုးတွေအတော့်ကိုများပါတယ်

 

တပ်မတော်ကြီးကိုပြိုကွဲပျက်စီးသွားအောင်လည်း
နည်းမျိုးစုံနဲ့လုပ်ဆောင်နေကြပါတယ်…

ဟုတ်ကဲ့ ကျွန်တော်ပြောချင်တဲ့အချက်လာပါပြီ

မြန်မာတပ်မတော်ကြီးရဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုခင်ဗျားတို့အနေနဲ့ မုန်းတီးရွံရှာလွန်းလို့ဝိုင်းဆဲ့တာကြောင့်အဆဲဒဏ်ပိပြီး တပ်ချုပ်ကြီးသေသွားခဲ့ရင်တောင်မြန်မာ့တပ်မတော်ကြီးက ဘာတစ်ခုမှ ယိမ်းယိုင်ပျက်စီးသွားမှာမဟုတ်ပါဘူး

တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်သာအသက်ကြီးလာတာကြောင့်လူကြီးရောဂါနဲ့သေဆုံးသွားခဲ့မယ်ဆိုရင် NLDပါတီဆိုတာဟာ လမ်းမပေါ်ပြုတ်ကျတဲ့ ကြက်ဥထုပ်ကို ကွန်တိန်နာက တက်အကြိပ်ခံရတဲ့ဘဝမျိုးတစ်ပတ်အတွင်းရောက်သွားလိမ့်မယ်ဆိုတာသေချာပါတယ်ဗျာ…

အဲ့ဒါကြောင့်မို့တပ်ချုပ်ကြီးနဲ့တပ်မတော်ပေါ်မှာအဆဲပေါင်းစုံ မိုက်ရိုင်းနည်းပေါင်းစုံနဲ့ကမ်းကုန်နေကြတဲ့ခင်ဗျားတို့တစ်တွေကိုပြောချင်တာက မတူတဲ့အဖွဲ့အစည်းနှစ်ခုကိုတူနေသရောင်ရောင်စိတ်ကြီးဝင်ပြီးမတုကြပါနဲ့လား

မတူရင်မတုကြပါနဲ့လားဗျာ…. ။ ။