မန္တလေးမြို့ ၊ (၈၂))လမ်းတွင် မိမိနေအိမ်၌ သားအမိ (၂)ဦး အနုကြမ်း စီးကာ

ညဦးပိုင်းအချိန် မေလ ၂၄ ရက် ည (၆)နာရီဝန်း ကျင်တွင် မန္တလေးမြို့ (၈၂)လမ်းရှိ နေအိမ်တစ်ခုကို ဆိုင်ကယ်ဖြင့် လူနှစ်ဦးက ဝင်ရောက်အနုကြမ်းစီးကာ အမျိုး သားတစ်ဦးနှင့် မိခင်ဖြစ်သူကို သတ်သွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 


သေဆုံးသူမှာ ကိုမိုးမြင့်ကျော်(cloke) ဆိုသူနှင့် ၎င်း၏ မိခင်တို့ ဖြစ်ပြီး ရွှေလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ညနေ ၆ နာရီဝန်းကျင် လူနစ်ယောက်ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ တစ်ဦးမှ နေအိမ်အတွင်းသို့ ဝင်သွားပြီး တစ်ဦးမှ အပြင်က စောင့်နေခဲ့ကြောင်း၊

ခေတ္တအကြာတွင် နေအိမ်အတွင်မှ လူအော်သံကြားရပြီး အိမ်အတွင်းဝင်သွားသူမှာ ပြန်ပြေးထွက်လာကာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြကြောင်း သိရသည်။

 

အနီးပတ်ဝန်းကျင်မှ မသင်ကာသဖြင့် နီးစပ်ရာ အရန်မီးသတ်တပ်ဖွဲ့မှတဆင့် နယ်မြေခံရဲတပ်ဖွဲ့သို့အကြောင်း ကြားပြီး ဝင်ရောက်ကြည့်ရှုရာမှ နေအိမ်အောက်ထပ်တွင် သားအမိ နှစ်ဦးစလုံး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။