သင်္ဃန်းကျွန်းရှိ မင်္ဂလာဆောင်တစ်ခုတွင် လက်ဆောင်ထုပ်ကြောင့်သတို့သမီးကွယ်လွန်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇေယျသုခလမ်းတွင် ယနေ့နေ့လယ်က ပြုလုပ်သော မင်္ဂလာဆောင်တစ်ခုတွင် လက်ဖွဲ့ထုပ်တခုမှ ဗုံးပေါက်ကွဲပြီး သတို့သမီးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

 

“အသံအရမ်းကျယ်တယ်။ ​ပေါက်ကွဲသံက။ ထိသွားတဲ့လူ​တွေကို ​ဆေးရုံပို့​နေတယ်။ ရပ်ကွက်ထဲမှာ ​ပြော​နေကြတာ ဒလန်နဲ့ ပတ်သက်တယ်​ပြောကြတယ်။ သွားကြည့်မလို့ ဟို​ကောင်​(စစ်​ကောင်စီ)တွေ​ရောက်လာတာမြင်လို့ သွားမ​မေး​တော့ဘူး။ သတို့သမီး ဗိုက်ပွင့်တယ် ​ပြောတယ်။ ကျန်သူ​တွေလည်း ဒဏ်ရာရကြတယ်​ပြောတယ်”ဟု ​ဇေယျသုခလမ်း​နေသူက လူမှုကွန်ရက် မက်ဆင်ဂျာမှတစ်ဆင့် ​ခေတ်သစ်သတင်းဌာနသို့​ပြောသည်။

 

သုံးလွှာရှိ နေအိမ်ခန်းတွင် လက်ဖွဲ့များဖွင့်ဖောက်စဥ် ဗုံးပေါက်ကွဲကာ သတို့သမီး သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရန်ကုန်ခေတ်သစ်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။