ကျောင်းတွေဘာလို့ဇွတ်ပြန်ဖွင့်ချင်တာလဲဆိုတဲ့ အဖြေပေါ်ပြီ

စုံစမ်းရသလောက်တော့ အင်မတန်ကို လူမဆန်တဲ့အကြံအစည်ပဲ…(အကျိုးမယုတ်ပါဘူး အဆုံးထိဖတ်ပေးပါ)

ကျောင်းတွေဘာလို့ဇွတ်ပြန်ဖွင့်ချင်တာလဲဆိုပြီး
နီးစပ်ရာတစ်ယောက်ဆီမှာ ထောက်လှမ်းကြည့်တော့
အခုလိုမခြွင်းမချန် ပြောပြတယ်..။

 

အာဏာလုစစ်ကောင်စီက အဖက်ဖက်ကရှုံးနိမ့်နေပြီဖြစ်တဲ့အတွက် အာဏာသိမ်းမှုဟာ ယခုထိအောင်မြင်မှုမရှိသေးဘူး..။

ဒါ့ကြောင့် နောက်ဆုံးကစားကွက်ကိုထုတ်သုံးပြီးကျောင်းတွေကို အဓမ္မပြန်ဖွင့်ဖို့ ခြေလှမ်းပြင်လာခြင်းဖြစ်တယ်တဲ့..။

ကျောင်းဖွင့်တာနဲ့ အာဏာသိမ်းမှုအောင်မြင်ဖို့ ဘယ်လိုများဆက်စပ်မှုရှိတာလဲမေးကြည့်တော့..

 

ကျောင်းတွေပြန်ဖွင့်လို့ စာသင်ခန်းထဲကို ဆရာ/မ နဲ့ ကျောင်းသား/သူတွေရောက်ပြီဆိုတာနဲ့ သတ်ဖြတ်လုပ်ကြံကြတော့မယ်တဲ့ဗျာ..။

စာသင်ခန်းထဲမှာ ချိန်ကိုက်ဗုံးပေါက်ကွဲတာတွေနဲ့
မျက်နှာဖုံးစွပ်ထားတဲ့လူတစ်စုက လျှစ်တပြတ်
ဝင်ရောက်တိုက်ခိုက်တာတို့ စသည်ဖြင့် လူအစုလိုက်
အပြုံလိုက် သေစေမည့်လုပ်ကြံမှုမျိုးကို ဖန်တီး
မှာဖြစ်တယ်တဲ့..။

ဒါတွေကို အာဏာသိမ်းစစ်ကောင်စီလက်ပါးစေတွေက လုပ်ကြံသတ်ဖြတ်မှာဖြစ်ပြီးတော့ ပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလုပ်ကြံသယောင်သတင်းလွှင့်မှာဖြစ်တယ်..။ ပြီးရင် ထိုကဲ့သို့အကြမ်းဖက်မှုတွေကြောင့် အာဏာသိမ်းရတာဖြစ်ကြောင်းကို ကမ္ဘာသိအောင် လိမ်ကြမှာတဲ့လေ..။

ကျနော်ကလည်း ဆရာ/မတွေနဲ့ ကျောင်းသား/သူလေးတွေကို စတေးလောက်အောင်ထိ မိုက်မဲပါ့မလားဆိုပြီး သံသယဝင်မိတယ်ဗျ..။

“အဲ့လောက်ထိ ရက်ရက်စက်စက်လုပ်ပါ့မလားဗျာ”ဟုစောဒကတတ်ပြီး မေးမိတာပေါ့..။

ဒါနဲ့ သတင်းပေးတဲ့မိတ်ဆွေကြီးက ကျနော့်ကို သနားစရာသတ္တဝါတစ်ကောင်လို ဂရုဏာသက်ဟန်နဲ့ကြည့်ပြီးတော့ အခုလိုပြောပြ တယ်..။

 

ကိုအဝှါရေ အာဏာရှင်ဆိုတာ သူတို့ရဲ့အာဏာမြဲဖို့ဆိုရင် ရဟန်းသံဃာတွေကို ဖမ်းဆီးထောင်ချ သတ်ဖြတ်ရမှာလည်းမကြောက်ကြဘူး.. ဘုရားဖြိုဖျက် စိန်ကျောက်နှိုက်ယူရမှာလည်းဝန်မလေးဘူးဆိုမှတော့ သာမန်လူတွေကိုတော့ ဆိုဖွယ်ရာမရှိတော့ဘူးဗျ..။

ယုံတာ မယုံတာခင်ဗျားတို့အပိုင်း… သည်အန္တရာယ်ကနေလွတ်မြောက်အောင် ကျုပ်တတ်နိုင်တဲ့ဘက်က သတင်းရသလောက်စုဆောင်းပြီးပြောရမှာက ကျုပ်တာဝန်ပဲ..

ကျန်တာခင်ဗျားတို့စဉ်းစား.. ကြိုတင်အသိပေးတယ်ဆိုတာ ပြင်ဆင်ချိန်ရအောင်လို့ဗျဟု ပြောသွားပါတယ်..။

 

သူပြောတော့လည်း ဟုတ်နေတာပဲ.. သကောင့်သားတွေက ဒင်းတို့အာဏာအတွက်ဆိုရင် ဘာမဆို မလုပ်ရဲတာမရှိဘူး..။ စေတနာရှိလွန်းလို့ပညာရေးကိုဦးစားပေးပြီး ကျောင်းဖွင့်ခိုင်းတယ်မထင်နဲ့… စစ်အာဏာရှင်တွေမှာ စေတနာဆိုတာလုံးဝမရှိ
ဘူး..။ အသုံးချဖို့ရာအတွက် ကျောင်းတွေဖွင့်ဖို့ ပြင်ဆင်လာတာပါ..။

ကျောင်းတွေဖွင့်လိုက်တာနဲ့ တစ်ချက်ခုတ် အချက်အများကြီးပြတ် ဒီသဘောမျိုးပါ..။ ကျောင်းဝင်ကြေးပိုက်ဆံတွေလည်းရ ၊ လူစုခွဲပြီးသားလည်းဖြစ် ၊ လူတွေအစုလိုက် အပြုံလိုက်သတ် ၊ အာဏာသိမ်းမှုအောင်မြင် ဒီလိုကြံစည်တာပါ..။ ပြီးရင်ကမ္ဘာကို လိမ်မယ်.. စေတနာနဲ့ကျောင်းတွေဖွင့်ပေးတာကို အကြမ်းဖက်သတ်ဖျက်ကြတယ် ဒါ့ကြောင့်အာဏာဆက်ထိန်းရပါတယ်ဆိုတဲ့အကွက်တွေသုံးမှာပါ..။

 

သူတို့မလုပ်ရဲတာဆိုလို့ အာဏာမစွန့်ရဲတာပဲ..

ဘယ်လောက်တောင်အကြံပက်စက်လိုက်သလဲ.. ဒီကောင်တွေကိုနှိုင်းစရာ စကားလုံးတောင်မရှိတော့ဘူး..။ ကလေးသူငယ်တွေနဲ့ မီးအိမ်ရှင်တွေကိုချနင်းဖို့ထိ ခွေးကျင့်ခွေးကြံ ကြံစည်ထားကြတာကိုး..။

ကဲ…စွမ်းရည်မြှင့်သင်တန်းတွေတတ်ထားကြတဲ့
အာစရိယာများနဲ့ သားသမီးတွေကို ကျောင်းအပ်ချင်
ကြတဲ့မိဘများ နောက်မှဖြစ်ရလေခြင်းဆိုပြီး ဝမ်း
နည်းပက်လက်ဖြစ်မပြနဲ့..။

CDMမလုပ်ပဲ ကျောင်းဖွင့်စေချင်ကြတဲ့ဆရာ/မများ
အသက်နဲ့ခန္ဓာ အိုစားမကွဲချင်သေးဘူးဆိုရင် စဉ်းစား
ချင့်ချိန်ကြပေါ့.. ထမင်းစားရတာငြီးငွေ့သွားပြီဆိုရင်လည်း စစ်ကောင်စီကဖွင့်မယ့် စာသင်ခန်းကိုသွား..။

 

ကလေးမိဘများကိုလည်းပြောရဦးမယ်.. အသိမကြွယ်သေးတဲ့ အပြစ်မဲ့ခလေးတွေကို နေ့မစေ့ဘဲ ကံကုန်စေချင်ရင်တော့ ကျောင်းအပ်ကြ
ပေါ့..။

နောင်တစ်ချိန်မှာ ငါတို့ရဲ့ဆင်ခြင်တုန်တရားမဲ့မှုကြောင့် အပြစ်မရှိတဲ့ ငါ့သားသမီးတွေသေရတာပါလားဆိုပြီး နောင်တမရကြနဲ့..။

သည်အန္တရာယ်ကြီးကို သိသိကြီးနဲ့ ဇွတ်တိုးလုပ်မယ်ဆိုရင်တော့ ခင်ဗျားတို့ထိုက်နဲ့ခင်ဗျားတို့ကံပဲ..။

တစ်ခုတော့ရှိတယ် အနာဂတ်ရဲ့မျိုးဆက်သစ်လေးတွေကိုသတ်ကြတဲ့သမိုင်းတရားခံတွေဟာ ခင်ဗျားတို့လည်းပါတယ်နော်..။

နောင်တစ်ချိန်မှာ ယူကြုံးမရဖြစ်လိုက်တာနော်ဆိုပြီး
ကျွဲကျောင်းတုန်းက ဖင်ခံခဲ့တာတွေလာမပြောနဲ့ ၊
သနားနေမှာမဟုတ်ဘူး..။

ဧကန်စင်စစ် မိဘတွေရဲ့တာဝန်ဝတ္တရားက
ကိုယ့်ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်
ပေးပြီး မျက်ခြေမပျက်စောင့်ကြည့်ရမှာ ခင်ဗျားတို့
တာဝန်..။

မြွေပါလည်းဆုံး သားလည်းဆုံးဆိုတာမျိုးမှ
ကင်းဝေးကြပါစေလို့ဘဲ ဆုတောင်းပေးပါတယ်..
သြော်… မေ့နေမှာစိုးလို့ သတိပေးဦးမယ်..
အာဏာရှင်ဆိုတာ သွေးစုပ်ဖုတ်ကောင်လိုဘဲဗျ..။
လူပေါင်းစုံ အလွှာပေါင်းစုံရဲ့သွေးကိုသောက်ပြီးတော့မှ ထီးဖြူရိပ်ခိုကြတာကြည့်ပဲ.. သိဘို့..။

ဆရာ/မများကိုလည်း တစ်ဆက်တည်း ပြောလိုက်ပါရစေ…သွေးစွန်းသောလက်နဲ့စာသင်ပြီးတော့ မိမိတို့ကိုယ်တိုင် သွေးအိုင်ထဲမှာ တုံးလုံးပက်လက်မသေကြပါစေနဲ့လို့ မျှော်လင့်မိပါတယ် ..။ မအလ မလုပ်ရဲတာ ဘာမှမရှိ့..ဘယ်သူသေသေ ငလှိုင်မာရင် ပြီးရော လုပ်လိမ့်မယ်..

 

သင်တစ်ယောက်တည်းဖတ်လျှင် သင်တစ်ယောက်တည်းသိမယ်…

ပြန်လည်မျှဝေပါ… များစွာအရေးကြီးပါ၏..။

မူရင်းစာရေးပို့သူ
အင်းဝသားကြီးဘုရင့်နောင် တောင်ငူမပြန်တော့ပါ