ကျဆုံးသွားတဲ့ သားဆရာ၀န်လေး ပြန်လည်မွေးဖွားလာဖို့ ဆုတောင်းနေတဲ့ မိခင်တစ်ယောက်ရဲ့ ဖွင့်ဟစာ

 


လက်ရှိအခြေအနေကြောင့် အသက်ပေးသွားရတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကလည်း မိမိတို့ရဲ့သွေးသားရင်းခြာတွေကို နေ့စဉ်ရက်ဆက်သတိရပြီး ပူဆွေးနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကျန်ရစ်သူမိသားစုတွေရဲ့သောကအပူမီးကို မျှဝေခံစားပေးပြီး ဖေးမကူညီနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်းဒေါက်တာသီဟတင်ထွန်းရဲ့မိခင်က သားလေးကျဆုံးတဲ့(၂)လပြည့်နေ့လေးမှာ သတိရခြင်းများစွာနဲ့ ရင်တွင်းခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။

ဒေါက်တာသီဟတင်ထွန်းက မတ်လ(၂၇)ရက်နေ့မှာ လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။မိခင်ဖြစ်သူမှာတော့ သားဆရာဝန်လေးကိုဆုံးရှုံးလိုက်ရလို့ ယူကြုံးမရဖြစ်နေပေမယ့်လည်း အားတင်းထားတာဖြစ်ပါတယ်။ဒီနေ့၊မေလ(၂၇)ရက်နေ့မှာ ဒေါက်တာသီဟတင်ထွန်းကျဆုံးတာ (၂)လ ပြည့်သွားပြီဖြစ်ပေမယ့်ကျန်ရစ်သူမိသားစုဝင်တွေကတော့ သူ့ကို အချိန်နဲ့အမျှ သတိရနေကြတာဖြစ်ပါတယ်။မိခင်ကလည်း သားကိုရည်းစူးပြီး ကောင်းမှူကုသိုလ်တွေကို အဆက်မပြတ်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

 


ဒေါက်တာသီဟတင်ထွန်းရဲ့ဆန္ဒတွေကို ကျန်ရစ်သူမိသားစုက ဆက်လက်ဖြည့်ဆည်းပေးနေကြဆဲဖြစ်ပါတယ်။မိခင်ဖြစ်သူကလည်း “အမေကတော့ ပြုံးနေတဲ့သားလေးမျက်နှာလေးကို ခဏခဏမြင်ယောင်ပြီး စကားတွေလည်းပြောနေမိပါတယ်။သားလေးကြားသိမယ်လို့ အမေထင်ပါတယ်။အမေတို့မိသားစုဆီ ပြန်လည်မွေးဖွားလာပါသားရယ်။အမေတို့စောင့်နေတယ်နော်”ဆိုပြီး သားလေးပြန်လည်မွေးဖွားလာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။သေချာပြုစုစောင့်ရှောက်လာတဲ့ သားလေးကို အချိန်မတန်သေးဘဲ ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးရဲ့ခံစားချက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 


Zawgyi Version

 

က်ဆုံးသြားတဲ့ သားဆရာ၀န္ေလး ျပန္လည္ေမြးဖြားလာဖို႔ ဆုေတာင္းေနတဲ့ မိခင္တစ္ေယာက္ရဲ႕ ဖြင့္ဟစာ


လက္ရွိအေျခအေနေၾကာင့္ အသက္ေပးသြားရတဲ့သူရဲေကာင္းေတြရဲ႕ က်န္ရစ္သူမိသားစုေတြကလည္း မိမိတို႔ရဲ႕ေသြးသားရင္းျခာေတြကို ေန႔စဥ္ရက္ဆက္သတိရၿပီး ပူေဆြးေနၾကတာျဖစ္ပါတယ္။ျပည္သူလူထုကေတာ့ က်န္ရစ္သူမိသားစုေတြရဲ႕ေသာကအပူမီးကို မွ်ေဝခံစားေပးၿပီး ေဖးမကူညီေနၾကတာျဖစ္ပါတယ္။အခုဆိုရင္လည္းေဒါက္တာသီဟတင္ထြန္းရဲ႕မိခင္က သားေလးက်ဆုံးတဲ့(၂)လျပည့္ေန႔ေလးမွာ သတိရျခင္းမ်ားစြာနဲ႔ ရင္တြင္းခံစားခ်က္ေတြကို ေရးသားထားတာျဖစ္ပါတယ္။

 

ေဒါက္တာသီဟတင္ထြန္းက မတ္လ(၂၇)ရက္ေန႔မွာ လူထုလႈပ္ရွားမႈမွာပါဝင္ရင္း အသက္ေပးသြားခဲ့ရတာျဖစ္ပါတယ္။မိခင္ျဖစ္သူမွာေတာ့ သားဆရာဝန္ေလးကိုဆုံးရႈံးလိုက္ရလို႔ ယူႀကဳံးမရျဖစ္ေနေပမယ့္လည္း အားတင္းထားတာျဖစ္ပါတယ္။ဒီေန႔၊ေမလ(၂၇)ရက္ေန႔မွာ ေဒါက္တာသီဟတင္ထြန္းက်ဆုံးတာ (၂)လ ျပည့္သြားၿပီျဖစ္ေပမယ့္က်န္ရစ္သူမိသားစုဝင္ေတြကေတာ့ သူ႔ကို အခ်ိန္နဲ႔အမွ် သတိရေနၾကတာျဖစ္ပါတယ္။မိခင္ကလည္း သားကိုရည္းစူးၿပီး ေကာင္းမႉကုသိုလ္ေတြကို အဆက္မျပတ္လုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။

ေဒါက္တာသီဟတင္ထြန္းရဲ႕ဆႏၵေတြကို က်န္ရစ္သူမိသားစုက ဆက္လက္ျဖည့္ဆည္းေပးေနၾကဆဲျဖစ္ပါတယ္။မိခင္ျဖစ္သူကလည္း “အေမကေတာ့ ၿပဳံးေနတဲ့သားေလးမ်က္ႏွာေလးကို ခဏခဏျမင္ေယာင္ၿပီး စကားေတြလည္းေျပာေနမိပါတယ္။သားေလးၾကားသိမယ္လို႔ အေမထင္ပါတယ္။အေမတို႔မိသားစုဆီ ျပန္လည္ေမြးဖြားလာပါသားရယ္။အေမတို႔ေစာင့္ေနတယ္ေနာ္”ဆိုၿပီး သားေလးျပန္လည္ေမြးဖြားလာဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ေသခ်ာျပဳစုေစာင့္ေရွာက္လာတဲ့ သားေလးကို အခ်ိန္မတန္ေသးဘဲ ဆုံးရႈံးလိုက္ရတဲ့ မိခင္တစ္ဦးရဲ႕ခံစားခ်က္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။