ရဲတွေလုပ်ရပ်ဆိုးကြောင့် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့မြေးကိုယ်တိုင် တတ်သိသူများအားအကူအညီတောင်းလိုက်ရ

ညီဝမ်းကွဲတစ်ယောက်ရဲ့ဖုန်းကို ရဲနှစ်ယောက်မှသိမ်းသွားတာကြောင့် တတ်သိနားလည်သူများ ကူညီပေးကြဖို့ မေတ္တာရပ်ခံလာတဲ့ နေရွှေသွေးအောင်

 


ညီဝမ်းကွဲတစ်ယောက်ရဲ့ဖုန်းကို ရဲနှစ်ယောက်မှသိမ်းသွားတာကြောင့်တတ်သိနားလည်သူများကူညီပေးကြဖို့ မေတ္တာရပ်ခံလာတဲ့နေရွှေသွေးအောင်

 

ပရိသတ်ကြီးရေဒီကနေ့ ညနေကဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အချစ်ဆုံးမြေးနေရွှေသွေးအောင်ရဲ့ Instagram My Day မှာအကူညီတောင်းခံစာတစ်ခုတင်ထားပါတယ်နော်။သူ့ရဲ့ညီဝမ်းကွဲနှစ်ယောက်ကန်ဘောင်ရောက်နေတုန်းရဲနှစ်ယောက်ကစစ်ဆေးမေးမြန်းရင်းဖုန်း Password တွေတောင်းကာသိမ်းဆည်းသွားပါတယ်နော်။ဒီဖုန်းနှစ်လုံးကိုလည်းငွေငါးသိန်းဖြင့်လာရွေးဖို့လည်းမှာလိုက်ပါသေးတယ်တဲ့နော်။

ဒီကိစ္စကိုတတ်သိနားလည်သူများကူညီပေးကြဖို့အကူညီတောင်းခံထားတာဖြစ်ပါတယ်နော်။ပြည်သူတွေကတော့နေရွှေသွေးအောင်ရဲ့ post ကိုကြည့်ပြီးအကြီးအကျယ်ကိုလှောင်ရယ်ဟားတိုက်နေကြပါတယ်နော်။တကယ်ဆိုသူတို့လိုစစ်တပ်အသိုင်းဝိုင်းက public တင်ပြီးအကူညီတောင်းစရာမလိုဘဲအချင်းချင်းပြောလိုက်ရုံနဲ့ရတဲ့အနေထားပါပဲနော်။

 

 

တစ်ချိန်ကတန်ခိုးထွားခဲ့တဲ့အာဏာရှင်ကြီးရဲ့ မြေးကိုယ်တိုင်ကအခုလိုအကူအညီတောင်းခံတာဟာလူတွေကြားမှာပြောစရာဖြစ်နေပါတယ်။သူတင်ထားတဲ့ပို့စ်ရဲ့အရေးအသားအရတော့ နောက်ပြောင်ပြီးရေးထားသည်ဟုမထင်ကြောင်းဆိုရှယ်မီဒီယာအသုံးပြုသူတစ်ချို့ကဆိုပါတယ်နော်။