ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ခုခုဖြစ်ခဲ့ပါက ဘာလုပ်ပစ်မယ်ဆိုတာတရား၀င်ပြောလိုက်တဲ့အမေရိကန်

ဒေါ်အောင်ဆန်းစုကြည်သာ တခုခုဖြစ်ခဲ့လျှင် သံတမန်ရေးတွေ နိုင်ငံရေးတွေဘေးချိတ်ပြီး ဝုန်း ဒိုင်း လုပ်မယ်ဆိုလိုက်တဲ့ သဘောလို့ အမေရိကန်ရီပတ်ဘလစ်ကန်ခေါင်းဆောင် Mitch McConnell က NUG အစိုးရအဖွဲ့ဝင်များနဲ့တွေ့ဆုံပွဲမှာ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်..

 

ယနေ့ ဆွေးနွေပွဲ အနှစ်ချုပ်…

ဟာရာတိတ်ဖေါင်ဒရေးရှင်းက ဦးဆောင်ပြုလုပ်တဲ့ ယနေ့ဆွေးနွေးပွဲမှာ ရီပတ်ပလစ်ကန်ပါတီ ခေါင်း ဆောင် အထက်လွှတ်တော်အမတ် မက်ခ်ျမက်ကော်နယ်လ်ရဲ့ အဖွင့်မိန့်ခွန်းစကားတွေဟာ အလွန့်အလွန်အားရစရာကောင်းပါတယ်။..

အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်ဒီမိုကရေစီအရေးကို အပြည့်အဝထောက်ခံကြောင်း၊ ၁၉၉၀ ခုနှစ်တွေမှအစပြုပြီး သမ္မတအိုဘားမားလက်ထက်နှင့် ယ္ခုသမ္မတဘိုင်ဒန်လက်ထက်မှာပါ မြန်မာပြည်ဒီမိုကရေစီအရေးအတွက်..

 

အထောက်အပံ့ဖြစ်စေမည့် ဥပဒေပြု‌ရေးအပါအဝင် အခြားနည်းလမ်းများဖြင့်ပါ ထောက်ခံကူညီမှုပေးနေသလို၊ အစဉ်တစိုက်လည်း အားပေးထောက်ခံလာကြောင်း။ယ္ခုလည်း သမ္မတဘိုင်ဒန်အစိုးရနှင့်ထိတွေ့ဆက်ဆံပြီး မအလတို့နဲ့ ထိ ပ် တို က် ရ င်ဆိုင်..

 

နေရသူတွေအတွက် အကောင်းဆုံး အားပေးထောက်ခံနိုင်မယ့် နည်းလမ်းတွေကိုရှာ‌နေကြောင်း။မအလတို့အ ထိ န ာ အောင် ပို့ကုန်အပါအဝင် အခြားဝင်ငွေရနိုင်မယ့်လမ်း‌ကြောင်းတွေကိုပါ ပ စ် မှ တ်ထား ဒ ဏ် ခ တ်မှုတွေပြုလုပ်ဖို့ ဆွေးနွေးနေကြောင်း။..

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကိုဆန့်ကျင်ပြီး မအလတို့မှ အ ကြ မ်း ဖ က် အာဏာသိမ်းခဲ့တဲ့အတွက် ဒီမိုကရက်နှင့် ရီပါပလင်ကင်တို့ပေါင်းပြီး မအလတို့အား ဆက်လက်ဖိအားပေးသွားဖို့ကိုလည်း ပြောဆိုသွားပါတယ်။..

 


ဆွေးနွေးပွဲကို ကမကထလုပ်သူ မစ္စတာဝယ်လ်တာကတော့ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း နည်းပညာတွေတိုး တက်ပြောင်းလဲလာကြောင်းအပြင်၊ အမေရိကန်အစိုးရရဲ့ စစ်အုပ်စုအပေါ် ဒါ ဏ် ခ တ်အရေးယူမှုနှင့်ပတ် သ က်ပြီး NUG ရဲ့သဘောထားကိုမေးသလို၊..

ရိုဟင်ဂျာကိစ္စနှင့် တရုတ်အ‌ပေါ်သဘောထားတွေကို အဓိကလိုင်းတင်ပြီးမေးပါတယ်။ဒီမေးခွန်တွေအတွက် မဇင်မာအောင်ရဲ့ဖြေကြားချက်ဟာကောင်းသလို ကျေနပ်အားရမိပါတယ်။ အထူးသဖြင့် တရုတ်နှင့်ပတ်သက်ပြီးဖြေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ .“အိမ်နီးနားချင်း အိမ် အကြောင်းကို” ဥပမာပေးပြီး ကိုးကားသွားတာ တကယ်ကိုထိရောက်ပါတယ်။ကိုထင်လင်းအောင်မှလည်း တရုတ်အနေနဲ့ NUG နှင့်ညှိနိုင်းမှုမရှိဘဲ‌ စစ်အုပ်စုနှင့်သာဆက်လုပ်နေပါက ရေရှည်မှာသူတို့အတွက်လည်း အကျိုးမဖြစ်ထွန်းနိုင်ကြောင်း၊NUG ကိုချန်လှပ်ထား၍မရကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။..

နောက်… အရေးအကြီးဆုံးနှင့် အကောင်းဆုံး မေးခွန်းတခုကို တက်ရောက်သူတွေထဲကနေ..”NUG အနေနဲ့ ရေရှည်မှာ လူတွေရဲ့ဆက်လက်ထောက်ခံမှုရအောင် ဘယ်လိုပုံစံနဲ့လှုပ်ရှားသွားမှာလဲ” ဆိုတဲ့အမေးအပေါ် ဖြေကြားမှုကတော့ သိပ်အားရစရာမရှိဘူး။..

လက်ရှိကာလနှင့် ရေတိုအတွက်က မဇင်မာအောင်ရဲ့ဖြေကြားချက်က မှန်ကန်ပေမယ့် ရေရှည်အတွက် ထိရောက်ပြီး မှန်ကန်တဲ့ဖြေကြားချက်ကို မပေးနိုင်ခဲ့ဘူး။ဒါကြောင့် ဒီလိုမေးခွန်းမျိုးအတွက် သက်ဆိုင်သူများအနေနဲ့ ကြိုတင်စဉ်းစားထားဖို့ အစီအစဉ်တွေလုပ်ထားဖို့လိုပြီ)။..

 

နောက်ဆုံးပိတ် စီစဉ်သူ မစ္စတာဝယ်လ်တာရဲ့ မှတ်ချက်စကားကလည်း အဓိပ္ပါယ်ရှိသလို အမလတို့အ‌နေနဲ့အထူးသတိပြုမိဖို့လိုတယ်။ ဒါကတော့..”ဒေါ်အောင်ဆန်းစုကြည်သာ တခုခုဖြစ်ခဲ့လျှင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနှင့်ပတ်သက်ပြီး..

အသ က်အ န္တ ရာ ယ်သာ ထိ ခို က် ခဲ့လျှင် အမေရိကန်နှင့် နိုင်ငံတကာရဲ့ မြန်မာအပေါ်ထားတဲ့ လက်ရှိကိုင် တွယ်နေတဲ့ပေါ်လစီတွေဟာ ချက်ချင်းကိုပြောင်းလဲသွားမှာ ပြောင်းပြန်ဖြစ်သွားမှာသေချာတယ်တဲ့။ အထူးသဖြင့် အမေရိကန်ရဲ့ပေါ်လစီပါဘဲတဲ့။”..

 

ဆိုလိုတဲ့အဓိပ္ပါယ်က ဒေါ်စုသာတခုခုဖြစ်ခဲ့လျှင် သံတ မန်ရေးတွေ နိုင်ငံရေးတွေဘေးချိတ်ပြီး ဝု န်း ဒို င်း လုပ်မယ်ဆိုတဲ့သဘောပါ။အရေးတော်ပုံ အောင်ရမည်။..

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Steven Sanyu