ဦးမင်းကိုနိုင်ရေးလိုက်တဲ့ အမှန်တရား

တာလွှတ်ဒိုင် သေနတ် မဖောက်ခင် ကြိုပြေးပြီး

ရှေ့ဆုံးက လူလုံးပြတယ် မသမာမှုက မသမာမှုပဲ/

အမှန်တရားရဲ့အင်္ကျီကို

မတော်မတည့်ယူဝတ်ပြီး

အရပ်တကာ ဇာတ်နာပြတယ်

မုသားကမုသားပဲ

မှန်သားပြင်တွန့်ခေါက်မှာ

ကြောက်စရာပုံရိပ် ထင်ချင်ထင်မယ်

 

(အရှိတရားမှာ)

နတ်မိမယ်ကနတ်မိမယ်ပဲ…

ကောင်းကင်ပြည့် ဘယ်လောက် ရွာရွာ၊

မိုးခါးရေ မသောက်တော့

ပင်လယ်ရေ အမြဲငန်တယ်

တရားစီရင်ဖို့ ဘယ်လောက် ကြာကြာ/

ပိုးစားမှာမကြောက်တဲ့

ဆင်စွယ်မှန် သက်သေခံတယ်

 

စိန်ခေါ်သံကို

အမှန်တရားက ပြန်ထူးလိုက်ရဲ့

“ဆင်စွယ်အပြည့်၊ ပင်လယ်ဟေ့ ” တဲ့။

လေးစားစွာဖြင့် မင်းကိုနိုင်

Zawgyi Version

ဦးမင္းကိုႏိုင္ေရးလိုက္တဲ့ အမွန္တရား

တာလႊတ္ဒိုင္ ေသနတ္ မေဖာက္ခင္ ႀကိဳေျပးၿပီး

ေရွ႕ဆုံးက လူလုံးျပတယ္ မသမာမႈက မသမာမႈပဲ/

အမွန္တရားရဲ႕အက်ႌကို

မေတာ္မတည့္ယူဝတ္ၿပီး

အရပ္တကာ ဇာတ္နာျပတယ္

မုသားကမုသားပဲ

မွန္သားျပင္တြန႔္ေခါက္မွာ

ေၾကာက္စရာပုံရိပ္ ထင္ခ်င္ထင္မယ္

 

(အရွိတရားမွာ)

နတ္မိမယ္ကနတ္မိမယ္ပဲ…

ေကာင္းကင္ျပည့္ ဘယ္ေလာက္ ႐ြာ႐ြာ၊

မိုးခါးေရ မေသာက္ေတာ့

ပင္လယ္ေရ အၿမဲငန္တယ္

တရားစီရင္ဖို႔ ဘယ္ေလာက္ ၾကာၾကာ/

ပိုးစားမွာမေၾကာက္တဲ့

ဆင္စြယ္မွန္ သက္ေသခံတယ္

စိန္ေခၚသံကို

အမွန္တရားက ျပန္ထူးလိုက္ရဲ႕

“ဆင္စြယ္အျပည့္၊ ပင္လယ္ေဟ့ ” တဲ့။

ေလးစားစြာျဖင့္ မင္းကိုႏိုင္