အင်းမမြို့တွင် ဆန္ဒပြခြင်းလုံး၀မရှိသည့် ကျောင်းသူတစ်ဦးအား စစ်ကောင်စီမှ လာရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊ တပ်မ ၆၆ မျက်နှာချင်းဆိုင်ရှိ မအူကန်ရွာမှ တက္ကသိုလ်ကျောင်းသူ မဟန်လဲနိုင်အား ယမန်နေ့ (မေလ ၂၈) ညနေ ၆ နာရီခန့်က စစ်ကောင်းစီတပ်ဖွဲ့ဝင်များဖြစ်ကြသည့် ရဲတပ်ဖွဲ့နှင့် စစ်သားများမှ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

 

ဖမ်းဆီးခံရသည့်အကြောင်းနှင့် ပတ်သက်၍ တစုံတရာပြောဆိုချင်းမရှိပဲ၊ နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

 

“ပြည်တက္ကသိုလ်တက်နေတဲ့ကျောင်းသူ မေဂျာတော့ မသိဘူး။ အဝေးသင်ဖြစ်မယ်။ မိဘတွေကတော့ အခုမနက် စခန်းလိုက်သွားကြပြီ၊ ကလေးမက ဆန္ဒပြတာတွေလည်းမရှိပါဘူး။ ဘာကြောင့်ဖမ်းတယ်ဆိုတဲ့အကြောင်းပြချက်လည်း မပြောပဲ ဖမ်းသွားကြတာ။ ကျောင်းသူအချင်းချင်း သတင်းပေးတိုင်တယ်လို့လည်း ကြားတယ်၊ သေချာတော့ မသိဘူး။” ဟု အဆိုပါ ဒေသခံကပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ ညပိုင်းကလည်း အင်းမမြို့ဆေးရုံရှေ့ကရှိ လမ်းမပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အသက် ၂၃ နှစ်အရွယ် ကိုမိုးစက်ဆိုသူကိုလည်း နေအိမ်သို့လာရောက်ကာ ရိုက်နှက်ဖမ်းဆီးမှုဖြစ်ခဲ့ကြောင်း သိရသည်။

 

Zawgyi Version

အင္းမၿမိဳ႕တြင္ ဆႏၵျပျခင္းလုံး၀မရွိသည့္ ေက်ာင္းသူတစ္ဦးအား စစ္ေကာင္စီမွ လာေရာက္ဖမ္းဆီး

ပဲခူးတိုင္း၊ ျပည္ခ႐ိုင္၊ သဲကုန္းၿမိဳ႕နယ္၊ အင္းမၿမိဳ႕၊ သီရိကန္သာရပ္ကြက္၊ တပ္မ ၆၆ မ်က္ႏွာခ်င္းဆိုင္ရွိ မအူကန္႐ြာမွ တကၠသိုလ္ေက်ာင္းသူ မဟန္လဲႏိုင္အား ယမန္ေန႔ (ေမလ ၂၈) ညေန ၆ နာရီခန႔္က စစ္ေကာင္းစီတပ္ဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ရဲတပ္ဖြဲ႕ႏွင့္ စစ္သားမ်ားမွ ေနအိမ္တြင္ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဖမ္းဆီးခံရသည့္အေၾကာင္းႏွင့္ ပတ္သက္၍ တစုံတရာေျပာဆိုခ်င္းမရွိပဲ၊ ေနအိမ္မွာ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း ေဒသခံတဦးက ေျပာသည္။

“ျပည္တကၠသိုလ္တက္ေနတဲ့ေက်ာင္းသူ ေမဂ်ာေတာ့ မသိဘူး။ အေဝးသင္ျဖစ္မယ္။ မိဘေတြကေတာ့ အခုမနက္ စခန္းလိုက္သြားၾကၿပီ၊ ကေလးမက ဆႏၵျပတာေတြလည္းမရွိပါဘူး။ ဘာေၾကာင့္ဖမ္းတယ္ဆိုတဲ့အေၾကာင္းျပခ်က္လည္း မေျပာပဲ ဖမ္းသြားၾကတာ။ ေက်ာင္းသူအခ်င္းခ်င္း သတင္းေပးတိုင္တယ္လို႔လည္း ၾကားတယ္၊ ေသခ်ာေတာ့ မသိဘူး။” ဟု အဆိုပါ ေဒသခံကေျပာသည္။

ၿပီးခဲ့သည့္ ေမလ ၂၂ ရက္ေန႔ ညပိုင္းကလည္း အင္းမၿမိဳ႕ေဆး႐ုံေရွ႕ကရွိ လမ္းမေပၚတြင္ ေပါက္ကြဲမႈျဖစ္ပြားမႈနဲ႔ပတ္သက္ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ ကိုမိုးစက္ဆိုသူကိုလည္း ေနအိမ္သို႔လာေရာက္ကာ ႐ိုက္ႏွက္ဖမ္းဆီးမႈျဖစ္ခဲ့ေၾကာင္း သိရသည္။