လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေရင်း သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးကိုပြောပြလာတဲ့ ဟားငါး​ကောင်အဖွဲ့

အောက်ဆုံးတွင်videoပါသည်…

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ် တဲ့ ဟား(၅) ကော င်ကိုသိ ကြမယ်ထင်ပါတယ်။ ဟား(၅)ကောင်အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေ းမှုကို အပြည့် အ၀ရရှိထားသလို ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူတစ်သား တည်းရပ် တည် ခဲ့တဲ့ လူ ရွှင်တော်တွေလည်းဖြစ်ပါတယ်။

 

 

ဟား(၅)ကောင်အဖွဲ့က အခုဆိုရင်လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီဖြစ်ပြီး Gen Zလူငယ်လေးတွေနဲ့အတူ စစ်သ င်တန် းတက်ရော က် နေပြီလည်းဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တွေအဖြစ်ကနေ ပြည်သူကိုအကာအကွယ်ပေးတဲ့ အနုပညာရှင် တွေအ နေနဲ့ ရဲရဲ၀ င့် ၀င့်ရပ်တည်လာခဲ့တဲ့ ဟား(၅)ကောင်ရဲ့ စိတ်ဓာတ်နဲ့သတ္တိကတော့ လက်ဖျားခါလောက်အောင်ကို မွန်မြတ်လှပါတယ်။

 

ဟား(၅)ကောင် အဖွဲ့ဟာ လွတ်မြောက်နယ်မြေ မှာ စစ်သင်တန်းတက်ရောက်နေရင်း ပရိသတ်တွေအတွက် ဗီဒီယို လေးတစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးကို တိုင်းကျော်ကသူ့ရဲ့ Facebookစာမျက်နှာမှာ “တော်လှန်ရေးပြီးတဲ့နေ့”ဆိုပြီးရေးသားတင်ပေးလာပါတယ်။ ဒီဗီဒီယိုလေးမှာ ‌”ရုံးမတက်နဲ့၊ ကျောင်းမတက်နဲ့၊သွေးမအေးနဲ့” ဆိုပြီး ပရိသတ်တွေကိုပြောသွားသလို သူတို့ကိုယ်တိုင်လည်း တော် လှန်ရေးကြီးပြီးတဲ့အခါမှာ အငြိမ့်ကချင်တဲ့အကြောင်းလေးပြောသွားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက် ပါတယ်နော်။

 

Videoကြည့်ရန်…