စစ်ကားနဲ့လိုက်တိုက်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ မော်ဒယ်ထက်အောင်ရဲ့နောက်ဆုံးခရီး

အောက်ဆုံးတွင်videoပါသည်

မြန်မာပြည်သူ၊ပြည်သားတွေကတော့ လက်ရှိအခြေအနေကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီနေကြတာဖြစ်ပါတယ်။ဒီ(၄)လအတွင်းမှာ အသက်ပေးသွားရသူတွေ (၈၀၀)ကျော်ရှိနေပြီဖြစ်တာကြောင့် ပြည်သူလူထုက သူရဲကောင်းတွေကိုရည်စူးပြီး ကောင်းမှူကုသိုလ်တွေ၊ဆုတောင်းပွဲတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုကလည်း ယူကြုံးမရဖြစ်ပြီးနေ့စဉ်ရက်ဆက် သတိရနေကြတာဖြစ်ပါတယ်။

 

 


မေလ(၂၉)ရက်နေ့ ညပိုင်းကဆိုရင် အင်းစိန်မြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်စီးလာတဲ့လူငယ်တစ်ဦးကိုတားခဲ့ပေမယ့် မရပ်ပေးတာကြောင့် စစ်ကားနဲ့လိုက်တိုက်တဲ့ အခြေအနေတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ကားနဲ့လိုက်တိုက်တဲ့အရှိန်များလို့ လူငယ်လေးခမျာ အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။သေဆုံးသူလူငယ်လေးကတော့ Model တစ်ယောက်အဖြစ် ရပ်တည်နေပြီး မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။အခုလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ လူငယ်လေးအတွက် ပြည်သူလူထုကလည်း နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။

 


ဒီနေ့ မေလ(၃၀)ရက်နေမှာတော့ သေဆုံးသူလူငယ်လေးရဲ့ ရုပ်ကလာပ်ကို ထိန်ပင်သုသာန်မှာ ပို့ဆောင်သင်္ဂြိုလ်ခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူမှာလည်း သားလေးကို အပြီးတိုင်ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတတ်နာကျင်နေရကာ  ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။မောင်ထက်အောင်ရဲ့ နာရေးကိုတော့ သူငယ်ချင်း၊မိတ်ဆွေတွေအများအပြားကဝမ်းနည်းစွာနဲ့ လိုက်ပါပို့ဆောင်ပေးကြတာဖြစ်ပါတယ်။အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေ တစ်ပွင့်ပြီးတစ်ပွင့် ကြွေလွင့်နေရတာကြောင့် ဒီလိုအဖြစ်အပျက်မျိုးတွေထပ်မကြုံကြပါစေနဲ့တော့လို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Videoကြည့်ရန်