ဘယ်လောက်တောင်မနာလိုစိတ်များလဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတံတားကိုတောင်

 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံကို ဖြတ်ကူး ဆောက်လုပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို သံလွင်တံတား (ချောင်းဆုံ)ဟု အာဏာသိမ်းစစ်ကောင်စီက အမည်ပြောင်းလိုက်သည်။

မနေ့က စပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူး ကျွန်း) လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ဖျက်လိုက်ပြီး ဒီကနေ့ မှာတော့ သံလွင်တံတား (ချောင်းဆုံ)လို့ ဆိုင်းဘုတ်သစ်ရေးနေတာ တွေ့ရပါတယ်။

 


ယခင်တံတား ဆိုင်းဘုတ်မှာ ဆေးနီသုတ်ထားသော်လည်း လတ်တလောမှာ‌တော့ ဆေး အစိမ်းရောင် သုတ်ထားတာကိုလည်းတွေ့ရပါတယ်။

Zawgyi Version


 




