ချင်းပြည်နယ်မှာ နောက်လဆိုမွေးတော့မယ့် ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦး

ချင်းပြည်နယ်ထဲက တွန်းဇံမြို့မှာ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

 

သေဆုံးသူအမျိုးသမီးဟာ မြို့နယ်ထဲက ကျီခါးတိုက်နယ်ဆေးရုံမှာ မေလ ၂၈ ရက်က ဆေးရုံလာတက်ပြီးနောက် ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

 

”လူနာက ရောက်လာတည်းက အောက်စီဂျင်ကျနေတာ။ ကိုယ်ဝန်က နောက်လဆိုမွေးတော့မှာ။ သွေးတိုး၊ဆီးချိုလို ရောဂါအခံမရှိဘဲ ကိုဗစ်ကြောင့် ဆုံးတာပါ” လို့ တွန်းဇံဆေးရုံဘက်က ပြောပါတယ်။

Zawgyi Version

ခ်င္းျပည္နယ္မွာ ေနာက္လဆိုေမြးေတာ့မယ့္ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ဦး

ခ်င္းျပည္နယ္ထဲက တြန္းဇံၿမိဳ႕မွာ ကိုဗစ္ပိုးေတြ႕အတည္ျပဳလူနာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး ကိုဗစ္ေရာဂါေၾကာင့္ ကြယ္လြန္သြားတယ္လို႔ သိရပါတယ္။

 

ေသဆုံးသူအမ်ိဳးသမီးဟာ ၿမိဳ႕နယ္ထဲက က်ီခါးတိုက္နယ္ေဆး႐ုံမွာ ေမလ ၂၈ ရက္က ေဆး႐ုံလာတက္ၿပီးေနာက္ ပိုးေတြ႕ခဲ့တာျဖစ္ပါတယ္။

”လူနာက ေရာက္လာတည္းက ေအာက္စီဂ်င္က်ေနတာ။ ကိုယ္ဝန္က ေနာက္လဆိုေမြးေတာ့မွာ။ ေသြးတိုး၊ဆီးခ်ိဳလို ေရာဂါအခံမရွိဘဲ ကိုဗစ္ေၾကာင့္ ဆုံးတာပါ” လို႔ တြန္းဇံေဆး႐ုံဘက္က ေျပာပါတယ္။