ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့သာမက ရဟတ်ယာဥ်တွေနဲ့ပါ အတွဲလိုက် ပစ်ခတ်တိုက်ခိုက်

အောက်ဆုံးတွင်videoပါသည်…..

ကယားပြည်နယ်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ မြို့ခံ PDF တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကစပြီး တိုက်ပွဲတွေ ​ဖြစ်ပွားနေတာ တွေ့ရပါတယ်။

 

ဒီကနေ့ မှာဆိုရင်လည်း ဒီးမော့ဆို မြို့နယ်အတွင်းမှာ နေ့လည်ပိုင်းလောက်ကနေစပြီး မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါ အသုံးပြုပြီး တိုက်ခိုက်နေသလို ရွာတွေထဲထိပါ လက်နက်ကြီးတွေကျခဲ့ပါတယ်။

 

ပျံ့နှံ့လာတဲ့ သတင်းတွေအရတော့ ဒီနေ့ နေ့လည်ပိုင်းလောက်မှာ လွိုင်ကော်ဘက်ကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ယနေ့ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအတွင်းမှာ PDF ဘက်မှ တစ်ယောက်ထိထားတယ်လို့ သိရပြီး စစ်ကောင်စီလက်အောက်ခံတပ်တွေဘက်က အကျအဆုံးကိုတော့ မသိရသေးပါဘူး။

 

ညနေ ၅ နာရီဝန်းကျင်လောက်မှာလည်း စစ်ကောင်စီဘက်က စစ်ကူ ရဟတ်ယာဥ်နှစ်စီး ရောက်လာပြီး လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်ထိ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပြီး မြို့ခံ PDF တပ်ဖွဲ့ဝင်လေးတွေ ဘေးကင်းစေဖို့အတွက် ပြည်သူတွေက ဆုတောင်းပေးနေတာကို တွေ့ရပါတယ်။

Videoကြည့်ရန်….