ဒီးမော့ဆိုမှာ အိမ်ပစ် ယာပစ်ပြီး ထွက်ပြေးကြရပါပြီ

 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာမှာ နေအိမ်တစ်လုံးမီးလောင်နေပြီး မီးငြိမ်းသတ်မည့်သူမရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုPKPF က သတင်းထုတ်ပြန်သည်။

 

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာ ဦးဆီကောဒိုအိမ် မီးလောင်နေပြီးငြိမ်းသတ်သူမရှိကြောင်း၊ လောင်သည့်အကြောင်းရင်းမသိရသေးဘဲ ညဘက်ပိုင်းလက်နက်ကြီးကျသံများ ကြားရကြောင်း၊ ယခုလောင်ဆဲဖြစ်ပြီး ဘေးအိမ်ကူးနိုင်ကြောင်း ဖော်ပြထားသည်။

 

 


Zawgyi Version


 


 
