အသက် 30 အရွယ်ရှိနေပေမဲ့ လမ်းလျှောက်တတ်စ ကလေးငယ်တစ်ယောက်လိုသာ မပြာင်းမလဲရှိနေတဲ့ အမျိုးသား

တရုတ်နိုင်ငံမှာနေထိုင်တဲ့ Wang Tianfang အမည်ရှိတဲ့အမျိုးသားဟာ 1987 ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် 30 ကျော်အရွယ်ရှိနေပြီဆိုပေမဲ့လည်း ရှားပါးရောဂါဝေဒနာခံစားနေရလို့ အသက် 2 နှစ်အရွယ်ကတည်းကစပြီး ကြီးထွားမှုနှုန်းရပ်တန့်သွားခဲ့သူပါ ။

 

 


2 နှစ်အရွယ်မှစပြီး ကြီးထွားမှုနှုန်းရပ်တန့်သွားခဲ့တဲ့အပြင် ၊ စကားလည်း မပြောဆိုနိုင်ကာ အဆိုပါအချိန်ကတည်းက ဉာဏ်ရည်တိုးတက်မှုလည်း ရပ်တန့်သွားခဲ့သူပါ ။ Wang ဟာ မိခင်ဖြစ်သူရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ အတူ နေထိုင်နေရပြီး ၊ မိခင်ဖြစ်သူရဲ့ နောက်ဆုံးစိတ်ဆန္ဒကတော့ သားဖြစ်သူ ‘ အမေ ‘ လို့ ခေါ်တဲ့ စကားသံကို ကြားလိုကြောင်း သိရှိရပါတယ် ။

 

Wang ရဲ့ မိခင်ဟာ လက်ဖက်စိုက်ပျိုးတဲ့အလုပ်မျိုးလုပ်ကိုင်ပြီး ၊ အချိန်ပိုအလုပ်အနေနဲ့ သန့်ရှင်းရေးဝန်ထမ်းအဖြစ်လုပ်ကိုင်လျက်ရှိပါတယ် ။

Wang ရဲ့အဖြစ်ကိုကြည့်ပြီး နီးစပ်ရာလူအများက Wang ကို လက်လျှော့ပြီး စွန့်လွှတ်လိုက်ဖို့ အကြံပေးကြပေမဲ့လည်း မိခင်ဖြစ်သူနဲ့မိသားစုဝင်တွေကတော့ Wang ကို ဆက်လက်ပြုစုစောင့်ရှောက်ဖို့ အမြဲရှိနေကြသူပါ ။

 

မိခင်ဖြစ်သူကတော့ Wang ကို ယခုအချိန်ထိ အဝတ်အစားလဲပေးပြီး ရေချိုးပေးနေရဆဲဖြစ်ကာ ၊ အချိန်မှန်အစားအစာကိုလည်း ကလေးငယ်တစ်ယောက်လို ကျွေးမွေးနေရဆဲဖြစ်ပါတယ် ။

 


Wang ဟာ ဆောင်ရာသီရောက်လျှင် ယခုချိန်ထိ ကလေးငယ်တစ်ယောက် အသားကွဲအက်ပြီး ၊ အသားပက်လေ့ရှိပါတယ် ။ ဘာလို့ Wang က ကြီးထွားမှုနှုန်းရပ်တန့်သွားလဲဆိုတာကို ယခုအချိန်ထိ အဖြေရှာမတွေ့သေးကြောင်းလည်း သိရှိရပါတယ် ။Jasmine (Mckzone Daily)