ရေကန်ဆေးနေရင်း သွေးသစ္စာသီချင်းကို အားမာန်အပြည့်နဲ့ လက်သုံးချောင်းထောင်ကာ သီဆိုနေကြတဲ့ ကိုရင်လေးတွေ

အောက်ဆုံးတွင်Videoပါသည်…..

 


မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေကတော့ တစ်နေ့ထက် တစ်နေ့အရှိန်အဟုန်ပြင်းနေဆဲဖြစ်ပါတယ်။ ပြည်သူများဟာ ယနေ့ချိန်ထိ သွေးအေးမနေကြဘဲ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း ရဲစွမ်းသတ္တိအပြည့်ဖြင့် တော်လှန်တိုက်ပွဲဝင်နေကြတာကိုလည်း လေးစားဂုဏ်ယူဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ပြည်သူတွေသာမကဘဲ ရဟန်းသံဃာများကလည်း အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်ကာ လမ်းပေါ်ထွက်ပြီး ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသခဲ့ကြတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း ဆရာတော်တစ်ပါးရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့ ရေကန်ဆေးနေရင်းသွေးသစ္စာသီချင်းကို အားမာန်အပြည့်နဲ့ လက်သုံးချောင်းထောင်ကာ သီဆိုနေကြတဲ့ ကိုရင်လေးတွေရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဆရာတော်ကလည်း ရေကန်ဆေးခိုင်းတာကို လက်သုံးချောင်းထောင်ပြီး အခုလို ကြွေးကြော်နေတဲ့ ကိုရင်လေးတွေကို ဗီဒီယိုရိုက်ကူးပြီး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

 

ပရိသတ်တွေကလည်း ဒီဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ကိုရင်လေးတွေရဲ့ အပြစ်ကင်းစွာ ပြောဆိုပုံလေးတွေကိုသဘောကျနေကြတာ ဖြစ်ပါတယ်။ အသက်ငယ်သေးပေမယ့်လည်း သူတို့ရင်ထဲက ဆန္ဒတွေကို ရတဲ့နည်းဖြင့်ထုတ်ဖော်ကြတာ လေးစားကြည်ညိုဖွယ် ကောင်းလှပါတယ်။ ဒီဗီဒီယိုဖိုင်တင်တင်ချင်းမှာတင် လူပေါင်းများစွာကြည့်ရှုခဲ့ကြတာ ဖြစ်ပြီး မကြည့်ရသေးတဲ့ ပရိသတ်များအတွက် တင်ဆက်ပေးလိုက် ရပါတယ်။Source : Htarvara Nyein

 

 

Videoကြည့်ရန်……